HealthNewsPolitic

စစ်တွေက စစ်ရှောင်ပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အခမဲ့ ဆေးကုသပေးနေ

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆) 

ရက္ခိုင်ပြည်၊ စစ်တွေခရိုင်အတွင်းက စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နယ်လှည့်ပြီး အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ စစ်တွေခရိုင်အတွင်းက ရွာပေါင်း (၁၄) ရွာမှ ဒေသခံနဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း ၄၆၅ ဦးကို လိုအပ်နေတဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ နေရာတွေကတော့ စစ်တွေမြို့နယ် ပါဒလိတ်၊ ကျောက်တန်းကြီး၊ အမြင့်ကျွန်းစတဲ့ နေရာတွေက စစ်ရှောင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့ ပါဝင်တယ်လို့ သိရပါတယ်။

တွေ့ရှိရတဲ့ ရောဂါများမှာ အရေပြားရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အထွေထွေရောဂါ စတာတွေ အဖြစ်များတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။

အလားတူ ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo – Arakan Princess Media

Related posts

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့ (၂)

Rakhita Times

စစ်တွေက စစ်ဘေးရှောင်စခန်းအချို့ကို UN က ၁၀ သိန်းထောက်ပံ့

Rakhita Times

93 comments

Leave a Comment