NewsPolitic

မင်းတုန်းဖြစ်စဉ် သေဆုံးသူထဲတွင် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့် ဖခင်ပါဝင်

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆)

မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် အပါအဝင် ၂၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ သေဆုံးသူထဲတွင် ရက္ခိုင်ပြည် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်ရဲ့ ဖခင်ဖြစ်သူလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ ကြားရတဲ့သတင်းက အဖေဆုံးပြီ” လို့ စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲချခဲ့တဲ့နေရာဟာ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်ကြားက ကုန်သည်တွေစုရပ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

Related posts

နတ်ချောင်း သောက်ရေကန် တူးဖော်မှုကို HDCO လူအားလည်းကူ၊ ငွေ ၁၀ သိန်းလည်း လှူဒါန်း

Rakhita Times

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

200 comments

Leave a Comment