NewsPolitic

ဧရာဝတီစစ်မျက်နှာက ဒဏ်ရာရ သေဆုံးတပ်သားတွေကို ပုသိမ်တွင် လုံခြုံရေးယူ မီးသင်္ဂြိုလ်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၈ မတ် ၂၀၂၆)

ဧရာဝတီတိုင်းက အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်မျက်နှာပြင်က ဒဏ်ရာရရှိသူတွေကို ပုသိမ်တွင် ဆေးကုသပေးနေပြီး သေဆုံးသွားတဲ့သူတွေကိုတော့ လုံခြုံရေးယူပြီး မီးသင်္ဂြိုလ်ပေးနေတယ်လို့ သိရပါတယ်။

“ပုသိမ်က နတခ-မဆရ (၄) မှာ ဧရာဝတီစစ်မျက်နှာပြင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသပေးနေတယ်” လို့ ပုသိမ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ တိုက်ပွဲအတွင်း သေဆုံးသွားသူတွေကိုတော့ စစ်ကော်မရှင်က ရွှေမြင်တင်မီးသင်္ဂြိုလ်စက်မှာ လုံခြုံရေးယူကာ တိတ်တဆိတ် သင်္ဂြိုလ်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မတ်လ ၁၇ ရက်ကလည်း ဆေးကုသမှုခံယူနေတဲ့ စစ်ခွေအရာရှိတကောင် သေလို့ နတခဝန်းထဲက အရာရှိအိမ်ယာရှေ့မှာ လမ်းပိတ် လုံခြုံရေးချပြီး ဘုန်းကြီးတရားနာတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အလားတူ ရှေ့တန်းစစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရရှိတဲ့ တပ်သားများ အသေအဆုံးများနေတဲ့အတွက် ရွှေမြင်တင်မီးသဂြိုလ်စက်ကို တနေ့လျှင် ၂ လောင်း ၃ လောင်းခန့် ရက်ဆက် ပို့ဆောင်သင်္ဂြိုလ်နေရလို့လည်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ် က ဆိုပါတယ်။

Related posts

စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမှာ ရေကြီးမှု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေ

Rakhita Times

မင်းပြားမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီပေးနေ(ဓာတ်ပုံသတင်း)

Rakhita Times

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

Rakhita Times

297 comments

Leave a Comment