NewsPolitic

NCA ကို အခြေခံပြီး ဆွေးနွေးကြရန် စောမြရာဇာလင်း တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၆)

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် Nationwide Ceasefire Agreement (NCA) သဘောတူညီချက်များကို အခြေခံပြီး စားပွဲဝိုင်းတွင် အဖြေရှာရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်းက မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ၁၄ နှစ်တာ ခရီးနဲ့ ၄ နှစ်မြောက် “ပဋိဇာဂရ” နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“တိုင်းပြည်အေးချမ်းရေးနဲ့ ပြည်သူလူထုတရပ်လုံး သာယာဝဖြောတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ပြည်တွင်းပဋိပက္ခများကို ပွင့်လင်းစွာ ဆွေးနွေးကြရန်နဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် (NCA) သဘောတူညီချက်များကို အခြေခံပြီး စားပွဲဝိုင်းတွင် အဖြေရှာရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” လို့ စောမြရာဇာလင်းက ဆိုပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ၁၄ နှစ်တာ ခရီးနဲ့ ၄ နှစ်မြောက် “ပဋိဇာဂရ” နှစ်ပတ်လည်နေ့ အခမ်းအနားကို NCA-S EAO မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) က သဝဏ်လွှာပေးပို့တယ်လို့လည်း သိရပါတယ်။

စောမြရာဇာလင်းက ပါတီလုံခြုံရေးအတွက် ကြိုပမ်းလာကြတဲ့ တပ်မှူးတပ်ဗိုလ်များ၊ ပါတီတည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး သမာအာဇီဝကျကျ ရိုးသားစွာ လုပ်ကိုင်စားသောက်လာကြတဲ့ တပ်မှူး တပ်ဗိုလ်များ၊ ရဲဘော် ရဲမေများကို ဆုများ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ပါတီဗဟိုကော်မတီကို သဘာပတိအဖွဲ့ဝင် ၃ ဦး၊ ပါတီဗဟိုကော်မတီဝင် ၁၆ ဦး၊ အရံဗဟိုကော်မတီ ၃ ဦးနဲ့ ပြန်လည် ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

အဆင့်မြင့်ပညာရေးတက္ကသိုလ် ဖွင့်လှစ်ရန် အာရက္ခအမျိုးသားရေးပညာဌာန ပြင်ဆင်နေ

Rakhita Times

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ ကိုးတောင်ဘို့စခန်းကို စကမ စစ်ကြောင်းထိုး၊ စစ်ကြောင်းလိုက် ချေမှုန်းခံရ

Rakhita Times

မင်းပြားတွင် အမျိုးသား တဦး ရေနစ်သီဆုံး

Rakhita Times

148 comments

Leave a Comment