NewsPolitic

ကျောက်ဖြူ ရေတပ်စခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းအနီးတွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“မေလ ၁၀ ရက်ကစပြီး ပြန်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ သစ်ပုတ်တောင်တိုက်နယ်က တောင်မော်ဦးရေတပ်စခန်းနားမှာ ဖြစ်နေတာ” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧပြီလ ၂၆ ရက်က စတင်ကာ စစ်သင်္ဘောတွေနဲ့ ကျောက်ဖြူမြို့ကို စစ်အင်အားနဲ့ လက်နက်တွေကို ဖြည့်တင်းနေပြီး လက်ရှိမှာ တောင်မော်ဦးရေတပ်စခန်းကနေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

“အရင်ကတော့ မင်းပြင်၊ သိုင်းချောင်းဖက်ကနေ စစ်ကြောက်းထိုးတာ၊ အခုက လမ်းကြောင်းသစ်အနေနဲ့ ထိုးတာ၊ အဝတောင်နားမှာ တိုက်ပွဲတွေ ဖြစ်နေတာ” လို့လည်း သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အဝတောင်တဝိုက်ကို စစ်ကော်မရှင်ရဲ့ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်နဲ့ မေလ ပထမပတ်က ဓညဝတီ ရေတပ်ဌာနချုပ် အပါအဝင် တောင်မော်ဦး ရေတပ်စခန်းနဲ့ အုန်းကျွိန် ရေတပ်စခန်းတွေကို စစ်သ‌င်္ဘောတွေနဲ့ စစ်အင်အားနဲ့ လက်နက်တွေ ဖြည့်တင်းခဲ့ပြီး လက်ရှိမှာတော့ စစ်ကြောင်းတွေ ပြန်လည်ထိုးနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်အနေနဲ့ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်း အပါအဝင် ကာကင်းတွေမှာလည်း ဘန်ကာ၊ ကတုတ်ကျင်းတွေကို ထပ်မံပြီး အသစ် ပြန်လည် တည်ဆောက်နေတယ်လို့ သိရပါတယ်။

Related posts

စစ်တွေဆိပ်ကမ်း ပြန်လည်ပတ်နိုင်ပါက ဒေသခံတို့ အလုပ်အကိုင်ပြန်ရနိုင်

Rakhita Times

အမ်း နဲ့ မြေပုံကို စစ်ကောင်စီဗုံးကြဲ၊ ကနဦး ၂ ဦး သေဆုံး

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

148 comments

Leave a Comment