NewsPolitic

ပုဏ္ဏားကျွန်းအစပ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်နေ

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို ဒုတိယအကြိမ် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်ကစပြီး စစ်တွေမြို့ပေါ်ကနေ စုဖွဲ့လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းက ပါဒလိတ်နဲ့ အမြင့်ကျွန်းကတဆင့် ကွမ်းတောင်ဘက်နဲ့ ရွှေမင်းဂံရေတပ်စခန်းက စစ်ကြောင်းက ခမောင်တောကျေးရွာဘက်ကို စစ်မျက်နှာ နှစ်ဖက်ဖွင့် ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စက်တင်ဘာလက လက်လွှတ်ခဲ့ရတဲ့ အမြင့်ကျွန်းအနီး ကာကင်းစခန်းတွေကို ပြန်လည် ရောက်ရှိတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မြေပြင်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်က အမြင့်ကျွန်းနဲ့ ကွမ်းတောင်ကျေးရွာဘက်ကို ဂျက်တိုက်လေယာဉ်နဲ့ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်တွေ ဒကစ ဌာနချုပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက် ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ကို တုံ့ပြန်တဲ့အနေနဲ့ AA က စစ်တွေ ဒကစနဲ့ ယာယီအခြေစိုက်ထားတဲ့ နပခ စစ်ဌာနချုပ်တွေကို လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ် တိုက်ခိုက်နေတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်မှာ စစ်အင်အား ၅,၀၀၀ ခန့် ဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

AA ကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက် သိမ်းပိုက်သွားမယ်လို့ နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Related posts

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

Rakhita Times

KIA ကိုသာထိန်းနိုင်ရင် AA ဟာ ထည့်တွက်စရာမလို‌လို့ ရွေးတု ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေပြော

Rakhita Times

ဧရာဝတီတွင် ပွိုင့် ၃ ကုန်း ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့လို့ AA ထုတ်ပြန်

Rakhita Times

Leave a Comment