NewsPolitic

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မေလ ၁၂ ရက် ညနေက ဘောလုံးပွဲက ပြန်လာသူများ စီးနင်းလိုက်ပါလာတဲ့ ဘုတ်တစီး နစ်မြုပ်လို့ ၈ နှစ်သားအရွယ် ကလေးတဦး အပါအဝင် အမျိုးသား ၉ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် အောင်တိုင်ရွာက လူငယ် ၁၀၀ ကျော်ဟာ ဘုတ် ၂ စီးနဲ့ မြောက်ဦးမြို့နယ် သျှမ်းတောင် (မူဆလင်) ရွာတွင် ဘောလုံးကစားပြီး ပြန်လာစဉ် မင်းပြားမြို့နယ် ရွှေတမာရွာနဲ့ အောင်တိုင်ရွာကြားက လေးမြို့ချောင်းတွင် နစ်မြုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

နစ်မြုပ်သွားတဲ့ ဘုတ်ပေါ်တွင် လိုက်ပါလာသူ  ၅၀ ခန့်က ကလေးငယ်တဦးအပါအဝင် အမျိုးသား ၉ ဦး ရေနစ်မြုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဘုတ် နစ်မြုပ်မှုကြောင့် သေဆုံးသွားသူများမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် အောင်တိုင် (မူဆလင်) ရွာနေ အသက် ၈ နှစ်အရွယ် အီလီယာ၊ အသက် ၁၈ နှစ်အရွယ် ဆာရူခင်၊ အသက် ၁၈ နှစ်အရွယ် အာဘူကော်သီဒီ၊ အသက် ၃၀ အရွယ် နူမာမောက်၊ အသက် ၃၈ နှစ်အရွယ် မာမားတူဖိုင်၊ အသက် ၅၀ အရွယ် ဒေါ်လာ၊ မြောက်ဦးမြို့နယ် ပေါင်းတုတ် (မူဆလင်) ရွာနေ အသက် ၁၈ နှစ်အရွယ် အာဒူဝါဟိတ်၊ အသက် ၁၉ နှစ်အရွယ် ဆီရာဒူအစ္စလာမ် နဲ့ မြေပုံမြို့ မူဆလင် (IDP Camp) က အသက် ၁၅ နှစ်အရွယ် မာမောတ်ရော်ဟိမ် တို့ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများ ပူးပေါင်းပြီး လေးမြို့ချောင်းတလျှောက် လိုက်ရှာရာ မေလ ၁၃ ရက် မနက် ၁၀ နာရီ ခွဲခန့်တွင် ရေမြုပ်သေဆုံးနေတဲ့ ရုပ်အလောင်း ၉ လောင်းကို ရှာတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
Photo – APM

Related posts

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်မယ့် သားဖွားသင်တန်း လျောက်လွှာခေ

Rakhita Times

စစ်ကောင်စီရဲ့ နေဗီကနေ ငပလီကို လက်နက်ကြီးနဲ့ပစ်ခတ်

Rakhita Times

Leave a Comment