EnvironmentNewsPolitic

ရက္ခိုင်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး လေပြင်းအန္တရာယ် သတိထားရန်လို

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ရက္ခိုင်ပြည်တွင် မေလ ၁၇ ရက် မတိုင်ခင်အထိ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး လေပြင်းအန္တရာယ် သတိထားရန်လိုလို့ သိရပါတယ်။

“မေလ ၁၇ ရက်အထိ မိုးရွာနိုင်ပြီး ကချင်၊ စစ်ကိုင်း (အထက်ပိုင်း)၊ မကွေး၊ ရက္ခိုင်၊ မွန်၊ ရန်ကုန် နဲ့ ဧရာဝတီ တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOHADM) က သတိပေး ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ မေလ ၁၁ ရက်ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

“သံတွဲမှာတော့ မုန်တိုင်းရှိတယ်ကြားလို့ ကြိုတင်ကာကွယ်ရေးတွေ ကြိုတင်လုပ်ဆောင်နေပါတယ်။ ဒီလ ၆ ရက်ကတည်းကပဲ အစည်းအဝေးတွေလုပ်ပြီး မုန်တိုင်းလာခဲ့ရင် ဘယ်လိုကာကွယ်ဖို့ဆိုတာတွေ ပြင်ဆင် လုပ်ဆောင်ထားပါတယ်” သံတွဲမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

အိန္ဒိယ မိုးလေဝသဌာနရဲ့ မေလ ၁၃ ရက် ထုတ်ပြန်ချက်မှာ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်မလာသေးပေမယ့် မြန်မာနဲ့ ‌ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေ မိုးနဲ့ လေပြင်းအန္တရာယ် သတိထားနေထိုင်ကြရန် သတိပေးထားပါတယ်။

မနက်ဖြန် (မေ ၁၅) က စတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသ‌တွေမှာ မိုးပိုကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့ လှိုင်းကြီးခြင်းတို့ကို သတိပြုဖို့လည်း သတိပေးထားပါတယ်။

Related posts

အမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေအောက်ခန်းဝင်ပြီး ခုခံနေ

Rakhita Times

စစ်ကောင်စီကဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီအသစ်ကို IPCM နဲ့ IMJA ကန့်ကွက်

Rakhita Times

ဂွနဲ့ ဘောမိကမ်းခြေကို ရွေးတုအစိုးရနေဗီကနေ လက်နက်ကြီး အကြိမ် ၉၀ ခန့် ပစ်ခတ်

Rakhita Times

197 comments

Leave a Comment