NewsPolitic

စစ်ကောင်စီမှ ပြည်ပအလုပ်သမားများကို စစ်မှုထမ်းဖို့ ပြန်ခေါ်ပေးရန် အေဂျင်စီများကို ဖိအားပေး

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၄)

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကနေ ပြည်ပထွက်ခွာအလုပ်လုပ်ကြတဲ့ လုပ်သားတွေထဲမှာ စစ်မှုထမ်းဆောင်ရမယ့် စာရင်းထဲမှာပါနေရင် အေဂျင်စီတွေက ပြန်ခေါ်ပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးနေကြောင်းကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံကနေ သိရပါတယ်။

အခုလက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပထွက်မယ့် လုပ်သားတွေ စာချုပ်ချုပ်ဆိုကြတဲ့ အခါမှာ စစ်မှုထမ်းဆောင်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အချက်အသစ်အနေနဲ့ ထပ်မံဖြည့်စွက်ပါရှိဦးမှာ ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုဟာက စာချုပ်အသစ်က ထပ်ချုပ်ရမယ့် စာချုပ်အသစ်မှာ အဲဒီဟာ ပါနေတယ်။ အဲဒီဟာပါနေတော့ လူတွေအားလုံး စိတ်မချမ်းမြေ့ကြဘူး။ အဓိကက သူ့မိဘတွေ ဆွေမျိုးအရင်းတွေတောင်မှ ခေါ်လို့ ရချင်မှ ရမယ့် ကိစ္စကို အေဂျင်စီကို ခေါ်ခိုင်းတယ်ဆိုတော့ အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အေဂျင်စီတွေအားလုံး မပျော်ကြဘူးပေါ့။ ငွေရေးကြေးရေး ကိစ္စနဲ့ ပတ်သက်တော့ အိတ်စိုက်လည်း စိုက်ကြ၊ ဝိုင်းဝန်းပြီး ‌ဆောင်ရွက်ပေးတော့ ထမင်းစားလက်မှတ်လေးတစ်ခုအတွက်။ အဲဒီလို ဒီဟာကြီးပါလာတဲ့အခါကြတော့ အေဂျင်စီတွေအတွက် တော်တော်ခေါင်းခဲစရာကိစ္စဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အရင်က စာချုပ်ထဲမှာ ဝင်ငွေခွန်နဲ့ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးတော့ပဲ အေဂျင်စီနဲ့ လုပ်သားတွေအကြား စာချုပ်မှာ ပါဝင်တာဖြစ်ပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဘက်ကနေ စစ်မှုထမ်းဆောင်ရမယ့် အချက်ကို ထပ်တိုး ဖြည့်စွက်ဖို့ လုပ်ဆောင်နေတာပါ။

အခုလိုမျိုး လုပ်ဆောင်တာဟာ မလျော်ကန်တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီဥပဒေ စပြီးထွက်လာကတည်းက မလျော်ကန်တဲ့ ဥပဒေဆိုတာ ကျနော်တို့ သုံးသပ်မိပါတယ်။ ပြည်သူတွေ စားဝတ်နေရေး အကြပ်အတည်း အခက်အခဲတွေ မြောက်မြားစွာဖြစ်နေတဲ့အချိန်မှာ ပြည်ပမှာ စီးပွားရေးကို ကောင်းမွန်စွာ သွားရောက်ရှာဖွေနေတဲ့ အလုပ်သမားတွေကို စာချုပ်ထဲမှာ အဲဒီလို အချက်အလက်တွေပါ ထည့်ပြီးတော့မှ သတ်မှတ်တဲ့အချိန် သူတို့အလှည့်ကျရင် ပြန်လာရမယ်ဆိုတာက မလျော်ကန်ဘူးလို့ပဲ သုံးသပ်ပါတယ်။ နဂိုကတည်းက သူတို့မှာ ချုပ်နှောင်ပြီးသားပါ။ အစ အစောပိုင်းမှာဆို ပြည်ပထွက်ခွာခွင့်တွေတောင် ပိတ်ပင်တာတွေ ထုတ်ပြန်ထားပြီးသားဆိုတော့ ကျ‌နော်တို့လည်း ခန့်မှန်းရခက်တယ်။ ဥပဒေတစ်ရပ်ကို ခိုင်ခိုင်မာမာ တိတိလင်းလင်း ပြတ်ပြတ်သားသား စဉ်းစားဆင်ခြင်ပြီး ထုတ်ပြန်တာမျိုး မဟုတ်ဘဲနဲ့ ထင်ရင်ထင်သလို ခဏခဏထုတ်ပြန်နေတော့” လို့ သူက ပြောပါတယ်။

အသက်ကန့်သတ်ချက်နဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ပြည်ပနိုင်ငံတွေကို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး တရားဝင်လမ်း‌ကြောင်းကနေ သွားရောက်မယ့် လုပ်သားမရှိတော့တဲ့အတွက် ပြည်ပအလုပ်အကိုင် လုပ်ငန်းဟာ ခမ်းခြောက်သွားနိုင်တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။

တင်းကြပ်လာတဲ့အချက်တွေဟာ ပြည်ပထွက်ခွာမယ့် လုပ်သားတွေအတွက်ပဲ အခက်ဖြစ်စေတာ မဟုတ်သလို စေလွှတ်လိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအတွက်လည်း အခက်တွေ့စေရပြီး လုပ်သားတွေအနေနဲ့ လည်း တရားမဝင်လမ်းကြောင်းကိုပဲ ရွေးချယ်ကြတော့မှာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

Related posts

လွတ်ငြိမ်းရမိသားစု ဆေးကုသနိုင်ရန် ULA ပါတီ ငွေကြေးထောက်ပံ့

Rakhita Times

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

Rakhita Times

KIA အနေနဲ့ ဖမ်းဆီထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့ IMJA တောင်းဆို

Rakhita Times

7 comments

Iratweta စက်တင်ဘာ 3, 2026 at 1:06 မနက်

Good post, the kind that respects the reader by getting to the point quickly without skipping the details that matter, and a short look at clarvesta confirmed that approach is consistent across the site which is rare to find online these days, definitely a place I will return to soon.

Reply
Eanaveda စက်တင်ဘာ 3, 2026 at 1:18 မနက်

Better signal to noise ratio than most places I check on this kind of topic, and a look at seamsecret kept that going, every paragraph here carries something worth reading rather than padding out the page to hit some arbitrary length target that search engines reward but readers ignore as soon as they notice it.

Reply
DevinPaf စက်တင်ဘာ 3, 2026 at 1:19 မနက်

During the time spent here I noticed the absence of the usual distractions, and a stop at mimosamarket extended that distraction free experience, content that does not fight my attention with pop ups and modals and aggressive prompts is content that respects me and this site has clearly chosen the respectful approach throughout.

Reply
ZacharyProdo စက်တင်ဘာ 3, 2026 at 1:28 မနက်

Just nice to read something that does not feel like it was assembled from a content brief, and a stop at lunivora kept that handcrafted feel going, you can tell when a real human with real understanding is behind the words versus a templated piece churned out for an algorithm to find.

Reply
KadeTef စက်တင်ဘာ 3, 2026 at 1:58 မနက်

Really appreciate the absence of stock photos that have nothing to do with the content, and a quick visit to gpugearhouse maintained the same restraint, visual filler is a tell that the writing cannot stand on its own and the lack of it here suggests the team has confidence in their content quality alone.

Reply
RickFague စက်တင်ဘာ 3, 2026 at 3:24 မနက်

Decided to read more before commenting and the more I read the more I wanted to say something, and a stop at wifiwizard pushed that impulse further, when content provokes the urge to participate rather than just consume it is doing something quite specific and worth recognising clearly when it happens during reading.

Reply
Bjornpok စက်တင်ဘာ 3, 2026 at 5:44 မနက်

Speaking from the perspective of having read widely on the topic this site offers something distinct, and a look at vpnvault reinforced that distinctness, the rare site that contributes something genuinely original to a saturated topic is the rare site worth following carefully and this one has demonstrated that original contribution capability today.

Reply

Leave a Comment