BusinessNewsPolitic

ငွေထုတ်ခ ဈေးမြင့်လာလို့ တချို့ဆိုင်များ ငွေထုတ်မပေး

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်မှာ ငွေထုတ်ခတွေ ဈေးမြင့်လာလို့ ငွေလွှဲ ငွေထုတ်ဆိုင်တချို့ ငွေထုတ်မပေးတော့ဘူးလို့ သိရပါတယ်။

“ကျမတို့ သံတွဲ၊ တောင်ကုတ်ကလူတွေယူတဲ့ ပင်ရင်းမှာကို တစ်သိန်းကို ၇၀၀၀ တောင် ပေးနေရပြီ။ ဒါတောင် ငွေသားက လိုသလောက်မရဘူး။ အခုက မိုးကလည်း တအားကောင်းနေတော့ သွားရတာခက်တယ်။ သွားလာစရိတ် ဆီဖိုး ထုတ်ခ အားလုံးပေါင်းရင် တစ်သိန်းကို တစ်သောင်းလောက်မှ အဆင်ပြေတော့မှာဆိုတော့ ခုတော့ ငွေထုတ်ပေးတာတွေ ခဏနားထားပါတယ်” လို့ သံတွဲမြို့နယ်က ငွေလွှဲ ငွေထုတ် လုပ်ဆောင်နေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်အတွင်း ငွေလွှဲ ငွေထုတ် လည်ပတ်နေတဲ့ ဘဏ်အကောင့်များကို ရွေးတုအစိုးရက ပိတ်သိမ်းတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“ပိတ်တာက ပိတ်ခံရတာတွေ ရှိတယ်။ ကျနော်တို့လူတွေကလည်း လွန်တယ်လေ။ လိုင်းပေါ်မှာ ဘယ်နံပတ်လွှဲပါ။ ဘယ်မြို့ကပါ ဘယ်ရွာကပါဆိုပြီး တင်ကြတယ်၊ ကြော်ငြာကြတယ်လေ။ အဲတော့ ဟိုဖက်က အမြင်ကပ်တဲ့ ပုဒ်မနဲ့ ပိုလုပ်တာပေါ့။ စစ်ခွေးတွေက အမြဲတမ်း စောင့်ကြည့်နေတာလေ။ အ ရင်တော့ ခံ ပေါ့လို့ပဲ ပြောရတော့မလိုပဲ။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ လိုတယ်လေ” လို့ မြောက်ဦးမြို့နယ်က ငွေလွှဲ ငွေထုတ် လုပ်ဆောင်နေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါကဲ့သို့ ငွေလွှဲ ငွေထုတ် ပြဿနာတွေကို ဖြေရှင်းနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ရက္ခိုင်ပြည်တွင် ကိုယ်ပိုင်ဘဏ်လုပ်ငန်း စတင်တော့မှာဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေကို စတင် ခေါ်ယူနေတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ဗိုလ်မှူးကြီး နှစ်ဦးကို စစ်ကောင်စီ ရာထူးတစ်ဆင့်တိုးပေး

Rakhita Times

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times

ဂွမြို့ကို နေဗီကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်

Rakhita Times

Leave a Comment