EnvironmentNewsPolitic

ဘူးသီးတောင်တွင် ရေနစ်မြုပ်နေတဲ့ မူဆလင်ကလေးငယ်တစ်ဦးကို AA ကယ်တင်နိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် အမှတ် ၅ ရပ်ကွက်က ရေနစ်မြုပ်နေတဲ့ မူဆလင်ကလေးငယ်တစ်ဦးကို ဇူလိုင်လ ၁၂ ရက်မှာ အာရက္ခတပ်တော်က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်ဟာ ဘူးသီးတောင်မြို့နယ် အမှတ် ၅ ရပ်ကွက်နေ ဦးအာဘူဆောင်းနဲ့ ဒေါ်ဖာတမာရိုတို့ရဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်အာရ်မာန် ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ဘူးသီးတောင်မြို့နယ်က ရပ်ကွက်တချို့နဲ့ မြိုမဈေး၊ ရွှေအိုးပြင်ရွာ၊ အောင်လံပြင်ရွာ၊ သပြုချောင်းရွာ၊ သပြုချောင်းရွာသစ်၊ မောင်နှမပုလဲတောင်ရွာ၊ သံခွီရွာဈေးတန်း စတဲ့နေရာတွေက ရေဘေးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာကို အရေးပေါ် ကူညီ ကယ်ဆယ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေဘေးဒဏ်ကို ပြည်သူ ၁ သိန်းခန့် ကြုံတွေ့နေရပြီး မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့က အဆိုးဆုံး ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ရက္ခိုင်ပြည်တွင် မိုးအနည်းငယ်သာ ရွာသွန်းနေပြီး ရေအနည်းငယ် ပြန်လည် ကျဆင်းသွားနေပြီလို့လည်း သိရပါတယ်။

Related posts

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

Rakhita Times

စစ်တွေမှာ အာလူးတစ်ပိဿာ ၆၀၀၀၀ ခန့်မှ ၁၆၀၀၀ အထိ ဈေးကျ

Rakhita Times

ရက္ခိုင်ပြည်တွင် သန်းခေါင်စာရင်း အပြည့်အဝ မကောက်နိုင်

Rakhita Times

Leave a Comment