EnvironmentNewsPolitic

ဂွမြို့နယ်တွင် ကျေးရွာတချို့ ရေကြီးနေ

အာရက္ခတိုင်းမ်းစ် (၁၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကျေးရွာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ဂွမြို့နယ်အတွင်းရှိ ဒေါင်းချောင်းအုပ်စု၊ ပေါက်တူးအုပ်စု၊ ရဟိုင်ဖျားအုပ်စု၊ ကုလားပြင်အုပ်စု၊ ဘဝင်အုပ်စု စတာတွေရဲ့ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်နေတာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဒေါင်းချောင်းအုပ်စု၊ ပေါက်တူးအုပ်စုက ရွာတွေနဲ့ ရဟိုင်ဖျားရွာ၊ ရွာသစ်ကုန်းရွာ၊ ကုလားပြင်ရွာ၊ ကိုင်းခုံရွာ ရေကျော်ရွာ စတာတွေမှာ ရေကြီးနေတာပါ။ ဒီရေအတတ်အကျနဲ့ မိုးရွာတာနဲ့ဆိုတော့ ရေက ပုံမှန်မရှိဘူး” လို့ ဂွမြို့နယ်က ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လတ်တလောမှာတော့ ရေဘေးသင့် ဒေသခံတွေအတွက် နေရာထိုင်ခင်းအပြင် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးပေါ် လိုအပ်လျက် ရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လဆန်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ကုလားတန်မြစ်နဲ့ လေးမြို့မြစ်တို့ မြစ်ရေမြင့်တက်လာမှု၊ တောင်ကျရေများ စီးဆင်းလာမှုတို့ကြောင့် ရက္ခိုင်ပြည်က မြို့နယ် ၁၀ ခုတွင် နေရာအနှံ့ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Related posts

ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို စကမ ဗုံးကြဲမှု ပြည်သူ ၇ ဦးသေ၊ ၄ ဦး ဒဏ်ရာရလို့ AA ထုတ်ပြန်(သေဆုံးသူထဲတွင် အရွယ်မရောက်တဲ့ ကလေး ၄ ဦး ပါဝင်ပြီး ဒဏ်ရာရသူထဲတွင် လသားအရွယ်နဲ့ ၅ နှစ်ကလေး ပါဝင်)

Rakhita Times

ရက္ခိုင်ကမ်းရိုးတန်းတစ်လျောက်လုံး လေပြင်းတိုက်၊ လှိုင်းလုံးကြီးမယ်

Rakhita Times

မီးရထားစက်ခေါင်းပြင်အင်ဂျင်နီယာမှသည် လူနာစောင့်ဘဝဆီ

Rakhita Times

Leave a Comment