EnvironmentNewsPolitic

မောင်တောက ရေဘေးသင့်ပြည်သူတွေကို AA ကူညီ

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

“အာရက္ခပြည် မောင်တောမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ရွာ (၈) ရွာက အိမ်ထောင်စု ၅၁ စုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ဇူလိုင်လ ၁၃ ရက်တွင် ဆန်နဲ့ စာနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က မောင်တောမြို့နယ် ငခူရ၊ အောက်ပြူးမ၊ ခြံပြင်၊ စံပယ်ပင်ရင်း၊ ကပ္ပကောင်း၊ ရေမျက်တောင်၊ ရွက်ညိုတောင်နဲ့ သရက်အုပ် စတဲ့ ရွာ ၈ ရွာက အိမ်ထောင်စု ၅၁ စု၊ လူဦးရေ ၁၂၈ ဦးအတွက် ဆန်နဲ့ ဆီ၊ ဆား၊ ငရုတ် စတဲ့ စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်က နှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး စုစု‌ပေါင်း သုံးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

AA ၏ အောင်မြင်မှုနှင့် ရက္ခိုင်ပြည် အုပ်ချုပ်ရေး စိန်ခေါ်မှုများ

Rakhita Times

စစ်တွေမှာ ဆေးတွေ ၃ ဆခန့် ဈေးမြင့်တက်

Rakhita Times

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ

Rakhita Times

Leave a Comment