Uncategorized

မင်းပြားတွင် လမ်းသန့်ရှင်းရေး AA လုပ်ဆောင်ပေး

အာရက္ခတိုင်းမ်းစ် (၁၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေပြန်ကျစဉ် တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သန့်ရှင်းရေး လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“နှုန်းတွေက တော်တော်လေးကို တင်ကျန်ခဲ့တယ်။ တချို့နေရာတွေမှာဆို ဒူးလောက်ကို ရှိတယ်။ ဂေါ်ပြားနဲ့တောင်မရဘူး။ ပေါက်တူးနဲ့ မီးသတ်ပိုက်နဲ့ ထိုးယူရတယ်။ တပ်တော်က ကူညီပေးနေတော့ အဆင်ပြေသွားတာပေါ့” လို့ မင်းပြားမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မင်းပြားမြို့ရှိ လမ်းမပေါ်က နှုန်းနဲ့ အမှိုက်များကို ဇူလိုင်လ ၁၂ ရက်က စတင်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သန့်ရှင်းရေးတွေ လုပ်ဆောင်ပေးနေတာလို့လည်း သိရပါတယ်။

အဆိုပါ လမ်းသန့်ရှင်းရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကဝန်ထမ်းများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာများ၊ အာရက္ခတပ်တော် စစ်သည်/စစ်မေများက စုပေါင်းပြီး သန့်ရှင်းရေး လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်က နှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး စုစု‌ပေါင်း သုံးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Photo-APM

Related posts

အမ်းမြို့သိမ်းတိုက်ပွဲပြန် စလင်း (ပကဖ) အိမ်ပြန်တွင် ကြိုဆို

Rakhita Times

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ၇ ဦးသေဆုံး ကားမီးလောင်

Rakhita Times

စစ်တွေခရိုင်အတွင်း နီပါးရ်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနေ

Rakhita Times

Leave a Comment