NewsPolitic

ဗကသများအဖွဲ့ချုပ်က ရက္ခိုင်ရေဘေးအတွက် ၁၀ သိန်း လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဇူလိုင်လ ၁၂ ရက်တွင် ငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလှူငွေ ၁၀ သိန်းကျပ်ကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကတဆင့် လှူဒါန်းပေးခဲ့တာလို့လည်း သိရပါတယ်။

“အာရက္ခပြည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ကူညီပေးပါသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ကို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဂုဏ်ပြု မှတ်တမ်းတယ်ပါတယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။

အလားတူ ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်းဟာ ရက္ခိုင်ရေဘေးအတွက် စာရေးဆရာ ဝေဟင်အောင်ကတဆင့် ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ပါတယ်။

စောမဲကျီဖောင်ဒေးရှင်းကလည်း ရက္ခိုင်ပြည်က ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် HDCO ကတဆင့် သိန်း ၁၀၀၀ ကျပ်ကို ဇူလိုင်လ ၁၀ ရက်တွင် လှူဒါန်းခဲ့ပါတယ်။

Related posts

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

Rakhita Times

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၅)

Rakhita Times

မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီဖမ်းဆီးထား

Rakhita Times

1 comment

Leave a Comment