NewsPolitic

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရေဘေးဒဏ်ခံနေရတဲ့ ရက္ခိုင်ပြည် ဂွမြို့နယ်ကို ရွေးတုအစိုးရတပ်က ဇူလိုင်လ ၁၃ ရက် ည ၁၀ နာရီကျော်တွင် လေကြောင်းကနေ ဗုံး အလုံးရေ ၅၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ညက လေယာဉ် ၂ စီးနဲ့ တစ်နာရီနီးပါးကို ဗုံး ၅၀ ကျော် ကြဲချခဲ့ပါတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဂျက်ဖိုက်တာနဲ့ ည ၁၀ နာရီတွင် တစ်ကြိမ်၊ ၁၀ နာရီ ၂ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၆ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ကြဲချခဲ့ပြီး Y-12 လေယာဉ်နဲ့ ၁၀ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၂၆ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၄၃ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၄၉ မိနစ်တွင် တစ်ကြိမ်၊ ၁၀ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ ကြဲချခဲ့တဲ့ ဗုံးများဟာ ရက္ခိုင်ပြည် ဂွမြို့နယ် ကွင်းလျားရှည်ရွာ မြောက်ဖက် လယ်ကွင်းအစပ် တောင်ခြေများ၊ ရဟိုင်းကွင်းရွာ အနောက်ဖက် လယ် ကွင်းများ၊ ကျောင်းကုန်းရွာ အရှေ့ဖက် လယ်ကွင်းအစပ် တောင်ခြေများနဲ့ ကျောင်းကုန်းရွာရှိ ဦးအညီ နေအိမ်နဲ့ လမ်းမကြီးဘေးတွင် ၁ လုံး ကျရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရွေးတုအစိုးရတပ် ကြဲချခဲ့တဲ့ ဗုံးဒဏ်ကြောင့် ဒေသခံပြည်သူများ အာရက္ခတိုင်းမ်စ်အနေနဲ့ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အသေးစိတ် အချက်အလက်များကို ဆက်လက် တင်ဆက်ပေးပါမယ်။

Photo-APM

Related posts

အမ်းမြို့တွင် ပိတ်မိနေသူ ပြည်သူ ရာဂဏန်းအောက်သာ ရှိ

Rakhita Times

ဗကသများအဖွဲ့ချုပ်က ရက္ခိုင်ရေဘေးအတွက် ၁၀ သိန်း လှူဒါန်း

Rakhita Times

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်

Rakhita Times

Leave a Comment