NewsPolitic

ကျောက်တော်မြို့နယ် သံဃနာယက ဥက္ကဌ (ငြိမ်း) ဆရာတော် ဘဒ္ဒန္တဣန္ဒမာလာရဲ့ ရုပ်ကလာပ်ကို နက်ဖြန် နိဗ္ဗာန်ကျောင်းပို့မည်

အာရက္ခတိုင်းမ်စ် (၂၁ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် သံဃနာယက ဥက္ကဌ (ငြိမ်း) ဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒမာလာရဲ့ ရုပ်ကလာပ်ကို နက်ဖြန် ဇူလိုင်လ ၂၂ ရက်တွင် နိဗ္ဗာန်ကျောင်း ပို့မှာဖြစ်တယ်လို့ ဒေသခံ သံဃာတော်တစ်ပါးက အာရက္ခတိုင်းမ်စ်ကို မိန့်ပါတယ်။

ဆရာတော် ဘဒ္ဒန္တဣန္ဒမာလာဟာ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် သိန်းတန် ဘူးသီးတောင် ဇညင်းပြားကျောင်းတိုက်ကြီးရဲ့ ဦးစီးပဓာန နာယက မြို့သစ်ပဝါရဏာအုပ်စု မြို့သစ်ဂိုဏ်းချုပ်ဖြစ်ပြီး မဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ (ငြိမ်း) လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်၊‌‌ နေ့လည် ၂ နာရီ ၃၅ မိနစ်မှာ ဆရာတော် သီတင်းသုံးတဲ့ ကျောင်းတိုက်မှာပဲ လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာလို့ သိရပါတယ်။

“လူကြီးရောဂါနဲ့ပါ မှည့်လို ကြွေကျတာပါ။ ဝမ်းနည်းမိတာတော့ အမှန်ပါ သို့သော်လည်း ခန္ဓာရလာရင် သေရမယ့် သင်္ခါရသဘောကို ဆင်ခြင်ပြီး ဖြေသိမ့်ရတာပေါ့။အချိန်တန်လို့ ကြွေကျတဲ့သဘောလို့ပဲ နှစ်သိမ့်ရတာပေါ့နော်” လို့ အဆိုပါ ဒေသခံ သံဃာတော်က အာရက္ခတိုင်းမ်စ်ကို မိန့်ပါတယ်။

ဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၃နှစ် သိက္ခာတော် ၇၃ ဝါရှိပြီဖြစ်ပြီး ဆရာတော်ရဲ့ ဈာပနပွဲ အခမ်းအနားကိုတော့ ပွင့်လင်းရာသီရောက်မှသာ စည်စည်ကားကား ကျင်းပပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ရက္ခနွယ်

Related posts

စကမ ထိန်းချုပ်ထားတဲ့ မြို့သုံးမြို့မှာ ကြက်သွန်အပြင် စက်သုံးဆီပါ ဈေးမြင့်နေ

Rakhita Times

စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

Rakhita Times

TNLA စစ်ရေးရှုံးနိမ့်မှု အခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှု မလုပ်နိုင်တာကြောင့်လို့ ပြော

Rakhita Times

559 comments

Leave a Comment