NewsPolitic

တောင်ကုတ်မြို့ စက်လှေ နစ်မြုပ်မှုတွင် သေဆုံးသူ ၉ ဦးထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ညနေဖက်က စက်လှေတစ်စီး နစ်မြုပ်မှု ဖြစ်စဉ်တွင် သေဆုံးသူ ၉ ဦးထိ ရှိလာနေပြီလို့ သိရပါတယ်။

“မနေ့က ပျောက်ဆုံးနေတဲ့ ၇ လောင်းကို ပြန်တွေ့တယ်။ ဆိုတော့ အားလုံးပေါင်း သေဆုံးတာ ၉ ယောက် ဖြစ်သွားတာပေါ့” လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စက်လှေ နစ်မြုပ်မှုကြောင့် သေဆုံးသွားသူ ၉ ဦးမှာ အသက် ၃၀ အရွယ် ဆရာမ မပပစိုး၊ အသက် ၃၁ နှစ်အရွယ် ဆရာ ကိုဖြိုးလွင်၊ အသက် ၂၂ နှစ်အရွယ်မအေးအေးမူ၊ အသက် ၅၀ အရွယ် ဦးတင်ထွန်း၊ ကလိန်တောင်ကျွန်း နပင်းချိုင်ရွာက အသက် ၂၂ နှစ်အရွယ် မောင်ဇော်ဝင်းလိူင်၊ အသက် ၄၂ နှစ်အရွယ် ဦးညီဆန်းချေ၊ အသက် ၁၈ နှစ်အရွယ် ကျောင်းသား မောင်မျိုးမင်းထွန်း၊ ပန်းတင်ကျွန်း အလယ်တန်းရွာက အသက် ၂၅ နှစ်အရွယ် ဆရာမ မအိဖြူနဲ့ ဖောင်းခါးရွာက အသက် ၂၉ နှစ်အရွယ် မောင်ပြည့်စုံဟိန်းဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ ဖြစ်စဉ်ဟာ ဇူလိုင်လ ၃၁ ရက်က တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်း မကျည်းတောဆိပ်ကမ်းကနေ ကလိန်တောင်ကို မောင်းနှင်လာတဲ့ စက်လှေဖြစ်ပြီး ခရီးသည် ၁၃ ဦး စီးနှင်လာတယ်လို့ သိရပါတယ်။

ပျောက်ဆုံးသွားတဲ့ သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများနဲ့ ရွာသူ ရွာသားများ စုပေါင်း ရှာဖွေခဲ့ကြပြီး တွေ့ရှိခဲ့တဲ့ သေဆုံး ရုပ်အလောင်းတွေကို မိသားစုဆီအပ်နှံကာ သင်္ဂြိုလ်ပြီးစီးသွားပြီလို့လည်း သိရပါတယ်။
Photo – APM

Related posts

MNA UB 812 မီးလောင်မှုဖြစ်ပွားခဲ့တာကို စုံစမ်းစစ်ဆေးမှုတွေ စနစ်တကျ ဆောင်ရွက်နေ

Rakhita Times

ရန်ကုန်တွင် ရက္ခိုင်အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ္စည်းလု အသတ်ခံရ

Rakhita Times

တပ်ချုပ်သစ် အပြောင်းအလဲ စစ်ရေးအခြေအနေ ဘယ်လိုရှိနိုင်လဲ

Rakhita Times

1 comment

Leave a Comment