NewsPolitic

စစ်တွေမှာ မီတာခ တစ်ယူနစ်ကို တစ်ထောင်ကျပ်ဖြစ်မယ်လို့ သတင်းထွက်

အာရက္ခတိုင်းမ်စ် (၁၅ ဩဂုတ် ၂၀၂၆)

ရွေးတအစိုးရ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ ရွေးတု ပြည်နယ်အစိုးရက လျှပ်စစ်မီတာ တစ်ယူနစ်ကို တစ်ထောင်ကျပ်နဲ့ ပေးဖို့ ပြင်ဆင်နေတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု မီးရဖို့လို့ ပြောတယ်။ မီးရဖို့အတွက် လာကောက်နေတယ် ဆိုတာတွေတော့ ကြားရပါတယ်။ မီးပျက်သွားတာပဲ ရှိတယ်။ ဘယ်လို ဘယ်လို ပြန်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တစ်ခုလည်း မကြားရ။ အခု လောလောဆယ်တော့ မီးရဖို့လို့ ပြောနေကြတယ်။ ဟုတ်လား မဟုတ်လားတော့ မသိ။ ၁ ယူနစ်ကို ၁၀၀၀ လို့လည်း ‌ပြောနေတယ်။ ၁ ယူနစ်ကို ၁၀၀၀ ဆိုရင်လည်း ဘယ်လို သုံးနိုင်ပါဖို့လဲ။ မရှိ ဆင်းရဲသားတွေအနေနဲ့က မီးနဲ့ ချက်ပြုတ်ဖို့ဆိုရင်လည်း အဲဒီ မရှိဆင်းရဲသားတွေအတွက် မီးဖွင့်ပေးတယ်ဆိုရင်လည်း အဲဒီ မရှိ ဆင်းရဲသားတွေကလည်း မီတာခနဲ့က ချက်ပြုတ် စားသောက်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျမတို့လည်း ကျမတို့လစာနဲ့ ကျမတို့ မီတာခ အဲဒီလို ၁ ယူနစ်ကို ၁၀၀၀ ဆိုရင်လည်း သုံးနိုင်ဖို့ မဟုတ်ပါ” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းပြီးနောက် ရက္ခိုင်ပြည် တစ်ခုလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်သွားတာဟာ ဒီကနေ့အထိ ဖြစ်ပါတယ်။

ရွေးတုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့တွေမှာဆိုရင်လည်း လျှပ်စစ်မီး မရတဲ့အပြင် ဖုန်းအင်တာနက်လိုင်းတွေလည်း အခုချိန်ထိကို မရရှိကြသေးတာပါ။

လက်ရှိမှာ‌တော့ လျှပ်စစ်မီးတွေ ပြန်လည် ရရှိအောင် လုပ်ဆောင်ပေးမယ့် ပုံစံဖြစ်ပြီး မီတာတွေ လိုက်ဖတ်နေတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လျှပ်စစ်မီးက လောလောဆယ်တော့ မီတာတွေ လိုက်လို့ ကောက်နေတာမျိုးတွေတော့ ရှိပါတယ်။ ဘာဖြစ်လို့ ကောက်နေတာလဲ ဆိုတာတော့ သူတို့တွေအနေနဲ့လည်း မပြောပြနိုင်ပါလေ။ ကျမတို့ကလည်း မီတာကောက်ဖို့ လာတယ်၊ မီတာဖတ်ဖို့ လာတဲ့ပုံစံမျိုး လုပ်တာ တွေ့ပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ပေးဖို့လည်း ဆိုတာတော့ သူတို့လည်းတော့ မသိသေးလို့ ပြောပါတယ်။ အစိုးရက ဘယ်လိုလုပ်ဖို့လဲ။ ကောက်ဆိုရင် ကောက်ပါပြီ မလားလေ။ သက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ လာလို့ မီတာတွေကို အိမ်မှာလာလို့ ကောက်တယ်။ အိမ်မှာ လူရှိလား၊ မီတာရှိလား လာစစ်တာတွေတော့ လုပ်နေပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ ရွေးတု ပြည်နယ်အစိုးရသစ်တစ်ရပ် တက်လာပေမယ့်လည်း ဘာမှ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသလို ကုန်ဈေးနှုန်းတွေကလည်း ပိုမို ကြီးမြင့်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Related posts

တန်းလျှောက်ခံကျေးရွာမှာ မိုင်းပေါက်ကွဲလို့ မွတ်ဆလင်လူငယ်နှစ်ယောက်သေဆုံး

Rakhita Times

AA ကိုစိုးရိမ်လို့ စစ်တွေမြို့အဝင်ကို စစ်ဆေးရေး တင်းကြပ်၊ မွတ်ဆလင်တွေကို မြို့ဝင်ခွင့်မပေး

Rakhita Times

ရက္ခိုင်စားဖိုမှုးအသင်းက ကိုအောင်ချစ်ဦး ရုတ်တရက် ကွယ်လွန်

Rakhita Times

Leave a Comment