NewsPolitic

စစ်တွေအစပ် တိုက်ပွဲပြင်းထန်၊ AA က စခန်းငယ် ၉ ခုထိ သိမ်းပိုက်ထား

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေနဲ့ ပေါက်တောမြို့နယ်စပ်ရှိ အောင်မင်္ဂလာနဲ့ ရေချမ်းပြင်ကျေးရွာဘက်တွင် အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့တွင် အောင်မင်္ဂလာဘက်ရှိ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို အာရက္ခတပ်တော်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က အဆိုပါထိုးစစ်အတွင်း စစ်ကောင်စီရဲ့ အသေးစားစခန်းပေါင်း (၉) ခုအထိ သိမ်းပိုက် ရရှိထားပြီး ရေချမ်းပြင်ဘက်တွင်လည်း စစ်ကောင်စီရဲ့ ဘန်ကာတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က စစ်တွေမြို့ ရွှေမင်းဂံ ရေတပ်စခန်း၊ ကံ့ကော်ကျွန်းရှိ စစ်စခန်းတွေအပြင် စစ်တွေဒေသန္တရစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စခခ) အနီးဝန်းကျင်ကိုပါ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလလ ၂၈ ရက်မှာ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားပေါ်ကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၅၁ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမိန့်ပေးသူ၊ ပစ်ခတ်တိုက်ခိုက်သူနဲ့ ပါဝင်ပတ်သက်သူများအားလုံးကို မှတ်တမ်းတင်ထားကြောင်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းများကို ထိုက်တန်တဲ့ တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဲဒီလို ထုတ်ပြန်ပြီးနောက်မှာပဲ အာရက္ခတပ်တော်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြင့်ကာ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

Related posts

AA ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့ ရွေးကောက်ပွဲ မကျင်းပတဲ့အထဲ မပါတာ ဘာကြောင့်လဲ

Rakhita Times

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ

Rakhita Times

ရက္ခိုင်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မိုးဇလ သတိပေး

Rakhita Times

Leave a Comment