NewsPolitic

သံတွဲ ကျောက်ကြီး ဗုံးကြဲခံရမှုတွင် ဒဏ်ရာရရှိသူတွေကို ULA က ၁၁၅ သိန်း ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ကျောက်ကြီးကျေးရွာကို ရွေးတုအစိုးရက သြဂုတ်လ ၁၀ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သြဂုတ်လ ၁၇ ရက်မှာ ငွေကျပ် ၁၁၅ သိန်း ထောက်ပံ့ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထောက်ပံ့ကူညီမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ပါတီ၊ အုပ်ချုပ်ရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး တို့ ပူးပေါင်းပြီး ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

“အငယ်စား ထိခိုက် ဒဏ်ရာ ရရှိသူ ၁၇ ဦးကို တစ်ဦးလျင် ၅ သိန်းကျပ်၊ အလတ်စား ထိခိုက် ဒဏ်ရာ ရရှိသူ ၃ ဦးကို တစ်ဦးလျင် ၁၀ သိန်းကျပ် နဲ့ စုစုပေါင်း ၁၁၅ သိန်း ထောက်ပံ့ပေးခဲ့တယ်” လို့ သံတွဲခရိုင်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံး မိသားစုဝင်တွေနဲ့ နေအိမ် ထိခိုက် ပျက်စီးသွးသူတွေကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဆက်လက်ပြီး အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။

ကျောက်ကြီးကျေးရွာကို ရွေးတုအစိုးရတပ်က သြဂုတ်လ ၁၀ ရက်မှာ ဗုံးကြဲ တိုက်ခိက်ခဲ့လို့ အရပ်သားပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒေသခံပြည်သူ နေအိမ် ၂၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ပါတယ်။
Photo – APM

Related posts

တောင်ကုတ်တွင် ပြည်သူတဦး ရေနစ်သေဆုံး

Rakhita Times

ရေကြည်တွင် ရွေးတုအစိုးရတပ် AA ရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပတ်ခတ်လို့ သားအမိ ၂ ဦး သေဆုံး

Rakhita Times

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

Rakhita Times

Leave a Comment