NewsPolitic

AA တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်က ရွေးတုတပ် ယာယီစခန်း ၄ ခု ဆုတ်ခွာထွက်ပြေး

အာရက္ခတိုင်းမ်စ် (၂၁ သြဂုတ် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောက ရွေးတုအစိုးရတပ် ယာယီစခန်း ၄ ခု ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“စစ်တပ်က နတ်ရေကန်ကို လူအင်အား ပို့နိုင်ဖို့ အသည်းအသန် ကြိုးစားနေတာ။ စစ်ကြောင်းထိုးတယ်။ ယာယီစခန်းဆောက်တယ်။ ရှေ့ဆက်တိုးတယ်။ တစ်ခါတစ်လေ အကျအဆုံးနဲ့ တပ်ပြန်လှန်တယ်။ အင်အား ပြန်စုပြီး ထပ်တိုး အဲလို လုပ်နေတယ်။ တပ်တော်က ၁၉ ရက်နေ့ ညနေဖက်က ယာယီစခန်းတွေကို တိုက်တာလေ။ အထိအခိုက်များပြီး ယာယီစခန်း ၄ ခုကို စွန့်ပြီး ပြေးသွားကြတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ နတ်ရေကန်ကို လူအင်အားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေ ပို့ဆောင်နိုင်ရန် လမ်းဟောင်းရော လမ်းသစ်ပါ အသုံးပြုပြီး စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကလည်း မကွေးတိုင်း ဂုတ်ကြီးကနေ နတ်ရေကန်ကို ရွေးတုအစိုးရတပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို အာရက္ခတပ်တော်က ဖြတ်တိုက်လို့ ၅၀ ကျော်သေဆုံးပြီး မစခ ၉၀၅ ဆုံကုန်းအမြောက်တပ်ကို ပြန်ဆုတ်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရတပ်က မစခ ၉၀၅ ဆုံကုန်းအမြောက်တပ်ကနေ လက်နက်ကြီး၊ ဒုံးတွေနဲ့ ပစ်ကူပေးနေပြီး ဂျက်ဖိုက်တာ Y-12 တွေနဲ့လည်း လာရောက် ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Related posts

ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ

Rakhita Times

အမ်းထိုးစစ်ကို ဟန့်တားရန် AA က နတ်ရေကန်ကို မသိမ်းဘဲ တာဝါတိုင်စခန်းကိုသာ အခြေကုပ်ထား

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၇ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment