အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၅)
အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်ရဲ့ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်တယ်လို့ Institute for Strategy and Policy- Myanmar က ထုတ်ပြန်ပါတယ်။
“အာရက္ခတပ်တော် (AA) ဟာ ရက္ခိုင်ပြည်ရဲ့ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရက္ခိုင်ပြည်တခုလုံးကို ထိန်းချုပ်နိုင်ဖို့လည်း ထိုးစစ်ဆင်နေပါတယ်” လို့ Institute for Strategy and Policy- Myanmar က ဆိုပါတယ်။
ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး AA ဟာ သူ့ရဲ့ စစ်ဆင်ရေးတွေကို ရက္ခိုင်ပြည် ပြင်ပဖြစ်တဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာပါ တိုးချဲ့ဖော်ဆောင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း နဲ့ ကညင်ချောင်းစီးပွားရေးဇုန် တို့ကို အပြည့်အဝထိန်းချုပ်ထားပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ကို တစိတ်တပိုင်းထိန်းချုပ်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံတဝန်းလုံးက မြို့ပေါင်း ၆၁ ခုမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော်က လက်နက်ရိက္ခာ နဲ့ စစ်သင်တန်းတွေကို ထောက်ပံ့ပေးထားတာ ရှိတယ်လို့လည်း Institute for Strategy and Policy- Myanmar က ထုတ်ပြန်ခဲ့ဖူးပါတယ်။
Institute for Strategy and Policy- Myanmar ရဲ့ထုတ်ပြန်ချက် အရ အာရက္ခတပ်တော်ရဲ့ ထောက်ပံ့မှုတွေကို ရရှိထားတဲ့ အဖွဲ့တွေကတော့ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီထဲက PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တပ်တွေဟာ အာရက္ခတပ်တော် ရဲ့ စစ်ရေးကွပ်ကဲမှုစနစ် နဲ့ ချိတ်ဆက်ထားတဲ့ မဟာမိတ်တပ်တွေဖြစ်ကြပြီးတော့ ကျန်တဲ့ တပ်ဖွဲ့တွေ ဖြစ်တဲ့ BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နဲ့ BLDF တပ်ဖွဲ့တွေ ဟာ အာရက္ခတပ်တော် ရဲ့ ထောက်ပံ့မှုတွေကို တစိတ်တပိုင်း ဒါမှမဟုတ် အပြည့် အဝ ထောက်ပံ့တာတွေကို ရရှိထားတဲ့ မဟာမိတ်တပ်တွေ ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။

3 comments
Амбулаторная психологическая поддержка.
Ознакомиться с деталями – http://msk-clinica-plus.ru/kapelniczy-dlya-pecheni-v-moskve
Врач оценивает не отдельный признак, а общее состояние пациента. У одного человека преобладает слабость и бессонница, у другого появляются сердечно-сосудистые нарушения или выраженная тревога. Даже если пациент раньше хорошо переносил самостоятельный выход, новый запой может оказаться опасен.
Дополнительная информация – https://7.vyvod-iz-zapoya-krasnoyarsk55.ru/
Помощь может включать консультацию, детоксикацию, стационар и дальнейшее сопровождение по показаниям.
Дополнительная информация – вызов нарколога на дом Воронеж