NewsPolitic

KNDF ပထမအကြိမ် ညီလာခံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် အွန်လိုင်းက တက်ရောက်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ကရင်နီအမျိုးသားများကာကွယ်ရေတပ် – KNDF ရဲ့ ပထမအကြိမ် ညီလာခံကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းကနေ တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ပထမအကြိမ် ညီလာခံကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၈–၂၉) ရက်တွင် ကရင်နီပြည် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညီလာခံကို ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများ၊ ရုံးဦးစီးမှူးများနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ပါတယ်။

အဆိုပါ ညီလာခံတွင် KNDF ရဲ့ အရင်ကာလ လုပ်ငန်းစဥ်များနဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အနာဂတ် တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဥ်များ၊ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်များကို ဆုံးဖြတ် ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်တောဒေသခံ (၅) ဦး ဒဏ်ရာရ

Rakhita Times

ပုဏ္ဏားကျွန်းက မုဒိန်းမှုတရားခံကို အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် ရက္ခိုင်ပြည်သူတွေ တောင်းဆို

Rakhita Times

KIO ဥက္ကဌဟောင်း ခရစ်တော်မှာ အိပ်ပျော်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

Leave a Comment