NewsPolitic

KNDF ပထမအကြိမ် ညီလာခံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် အွန်လိုင်းက တက်ရောက်

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၆)

ကရင်နီအမျိုးသားများကာကွယ်ရေတပ် – KNDF ရဲ့ ပထမအကြိမ် ညီလာခံကို အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းကနေ တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ပထမအကြိမ် ညီလာခံကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၂၈–၂၉) ရက်တွင် ကရင်နီပြည် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညီလာခံကို ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများ၊ ရုံးဦးစီးမှူးများနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း အမျိုးသား (၉၁) ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့ပါတယ်။

အဆိုပါ ညီလာခံတွင် KNDF ရဲ့ အရင်ကာလ လုပ်ငန်းစဥ်များနဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အနာဂတ် တပ်တည်ဆောက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဥ်များ၊ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်များကို ဆုံးဖြတ် ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်ပြည်သူများနဲ့အတူ ခိုင်မာစွာ လက်တွဲရင်ဆိုင် ဖြတ်ကျော်နေကြောင်း NUG ထုတ်ပြန်

Rakhita Times

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူပို့တဲ့စစ်ကြောင်း AA တိုက်ခိုက်လို့ တပ်ပျက်ထွက်ပြေး

Rakhita Times

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

Rakhita Times

Leave a Comment