HealthNewsPolitic

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရွေးတုအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဩဂုတ်လ ၂၂ ရက် ကနေ ဩဂုတ်လ ၂၉ ရက်ထိ တိုင်းနဲ့ ပြည်နယ် ငါးခုမှာ သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ ဆေးကုသမှုခံယူသူ ၁၅၆ ဦး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ ၁၄၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

ဒီထဲမှာမှ ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ‌ ၄၂ ဦး၊ သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးကုသမှု ခံယူသူ ၄၇ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွေးတုအစိုးရက အခုလို ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာတော့ ရက္ခိုင်ပြည်၊ စစ်တွေမြို့က စစ်ဘေးရှောင် စခန်းတချိုနဲ့ မူတ်ဆလင် IDP စခန်းတွေမှာ ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားသူ ရာနဲ့ချီ ရှိနေပြီး ကလေးငယ် ၁၁ ဦးထပ်မနည်း သေဆုံးမှု ရှိတယ်လို့ အာရက္ခတိုင်းမ်စ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်

ဒါ့အပြင် ရွေးတုအစိုးရတပ်က လွတ်လပ်စွာ သွားလာခွင့် နဲ့ မြိုထဲ ဝင်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် ကျေးရွာတွင်းက ဆေးခန်းတွေမှာသာ အဆင်ပြေသလို ကုသနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

KIO က လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း တို့နဲ့ ဆက်ဆံရေး ခိုင်မာစွာတည်ဆောက်နေ

Rakhita Times

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

Rakhita Times

စစ်တွေကနေ စကမ ပုဏ္ဏားကျွန်းကို လက်နက်ကြီးနဲ့

Rakhita Times

Leave a Comment