NewsPolitic

ဂွမြို့နယ်အစပ် ရိုးမနဲ့ထိစပ်ဒေသများတွင် တိုက်ပွဲတွေ ဆက်ဖြစ်နေ

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်းနဲ့ ဂွမြို့နယ်အစပ် ရိုးမနဲ့ထိစပ်နေတဲ့ ဘောမိချောင်းဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုများလည်း ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ် ဘောမိချောင်းအနီး သဲဖြူနဲ့ ကင်ပွန်းချဉ်ကုန်းတဝိုက်တွင် စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက် မနက်ပိုင်းတွင် ပုသိမ်ကနေ ဘောမိချောင်းဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်ဟာ ဖောကား ၃ စီးနဲ့ ရောက်ရှိလာပြီး လက်နက်ကြီးကျည်များနဲ့ ရိက္ခာများကို အရပ်သုံးကားပေါ် ပြောင်းရွှေ့တင်ဆောင်ပြီး သဲဖြူဘက်ကို ဆက်တက်သွားတယ်လို့လည်း သိရပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က သဲဖြူနဲ့ ကင်ပွန်းချဉ်မှာ အထိုင်ချနေတယ်။ အဲနေရာရဲ့ အရှေ့ဖက်တွေကို လေယာဉ်နဲ့ လာပစ်တယ်။ အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲနားက ရွာက ရွာသားတွေတော့ တိမ်း‌ရှောင်သွားကြပြီ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်မြေပြင်တွင် အထိနာနေလို့ ရှေ့တန်းက တပ်ဖွဲ့ဝင်တွေကို နောက်တန်းပြန်ခေါ်ပြီး တပ်သားသစ်များနဲ့ ထိုးစစ် ပြန်ဆင်ရန် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Related posts

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

Rakhita Times

ကျောက်ဖြူ သပြုတောင်ရွာကို ဖျက်စီးခဲ့ကြောင်း စစ်တပ်ချန်နယ်က အတည်ပြု

Rakhita Times

ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက် ကျောက်ထုကို စကမ အင်အား ထောင်ချီ ဦးတည်လာနေ

Rakhita Times

Leave a Comment