NewsPolitic

အမ်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းက တရုတ်နိုင်ငံသားပါ ကားကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တရုတ်အမျိုးသား ရေနံနဲ့ သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (CNPC) ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံတွင် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတစ်ဦး ပါဝင် စီးနင်းလာတဲ့ မော်တော်ယာဉ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား Chen Jie (ခ) ထင်ကြည် အပါအဝင် မြန်မာအလုပ်သမား နှစ်ဦးဟာ အမ်း-ပဒါန်း ကားလမ်းပိုင်းအတိုင်း ဓာတ်ငွေ့လိုင်းစက်ရုံတစ်ခုကနေ တစ်ခုကို မော်တော်ယာဉ်နဲ့ မောင်းနှင်သွားစဉ် လမ်းခုလတ်မှာ ဗုံးကြဲခံခဲ့ရခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းကတည်းက အမ်း-ပဒါန်း လမ်းတလျှောက်ကို ဒရုန်းများနဲ့ ကင်းထောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံသား ဝန်ထမ်း စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တွေ့ရှိချိန်တွင် ဂျက်ဖိုက်တာနဲ့ တိုက်ရိုက် ပစ်မှတ်ထား ဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။

အဆိုပါကဲ့သို့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်မှာ ဗုံးအစအနများ ထိမှန်ပြီး ထိခိုက် ပျက်စီးမှုတချို့ ရှိခဲ့သော်လည်း ကားပေါ်တွင် ပါဝင်လာတဲ့ တရုတ်နိုင်ငံသား အပါအဝင် ဝန်ထမ်း ၃ ဦးလုံး အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် အမ်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် တရုတ်နိုင်ငံသား ဝန်ထမ်းများနဲ့ ဒေသခံများရဲ့ လုံခြုံရေးအတွက် ပိုမို စိုးရိမ်ဖွယ်ရာ ဖြစ်လာနေတယ်လို့ သိရပါတယ်။

Related posts

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

Rakhita Times

ဝီရဌာနီမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများပြား

Rakhita Times

အပေါက်တောင်-စနဲလမ်းကြောင်းတွင် တိုက်ပွဲပြင်းထန်၊ တပ်မိသားစုများ အရေးပေါ်ရွှေ့ပြောင်း

Rakhita Times

Leave a Comment