NewsPolitic

ပြည်တွင်းစစ် ဆိုးကျိုးသံသရာကို လူထု သဘောပေါက်ရန်လိုပြီလို့ ဒေါက်တာအေးမောင် ပြောကြား

အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၆)

ရှည်လျားလှတဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် အရပ်သားပြည်သူများရဲ့ အိုးအိမ်နဲ့ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးနေရလို့ အဆိုပါ စစ်ပွဲရဲ့ ဆိုးကျိုးသံသရာကြီးကို မြန်မာ၊ ရက္ခိုင်၊ ရှမ်းနဲ့ ချင်းအပါအဝင် တိုင်းရင်းသားလူထုတစ်ရပ်လုံး သဘောပေါက် နားလည်ကြရန် လိုအပ်နေပြီဖြစ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကို င်ပဋိပက္ခများကြားတွင် လူထုမှာ အဓိက မြေဇာပင်ဖြစ်ကာ အိမ်ပြန်ချင်တဲ့ ဆန္ဒနဲ့အတူ စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးကို တောင်းဆို လာကြပြီ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ Gen Z အပါအဝင် လူထုရဲ့ အမြင်များနဲ့ အတွေးအခေါ်များလည်း ပြောင်းလဲလာပြီး စစ်ပွဲများကြောင့် လုံးပါးပါးမယ့်ဘေးက ရေရှည်ငြိမ်းချမ်းရေးဆီကို ဦးတည်ရန် တောင်းဆိုနေကြတယ်လို့လည်း ဆိုပါတယ်။

အခုလို စစ်ပွဲများချုပ်ငြိမ်းရေးနဲ့ ပြည်သူများ မူလနေရာကို အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အာဏာနဲ့ အင်အားရှိတဲ့ ဘက်က သဘောထားကြီးကြီးနဲ့ အလေးထား ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်တယ်လို့လည်း ဆိုထာပါတယ်။

နိုင်ငံရေးပါတီများအနေနဲ့လည်း နှစ်ဖက်အကြား ဝင်ရောက်စေ့စပ်ပြီး လူထုရဲ လိုလားချက်ကို မျက်နှာမူကာ နိုင်ငံရေးရည်မှန်းချက် အဖြေရှာနိုင်အောင် ကူညီဆောင်ရွက်သင့်တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

အာရက္ခတပ်တော်၊ UWSP၊ RCSS နဲ့ TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဟာ အမျိုးသားရေးကို အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်လို့ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် မလိုလားအပ်တဲ့ အတားအဆီးများနဲ့ အနှောင့်အယှက်များ မဖြစ်ပေါ်စေရန်နဲ့ ပြေလည်ရာပြေလည်ကြောင်းကို ပထမဆုံး စဉ်းစားကြရန် လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ပွဲကြီး ဆက်လက် ရှည်ကြာနေပါက အဆုံးသတ်တွင် မိမိတို့ရဲ့ လူထုသာလျှင် အသေအပျောက်နဲ့ ထိခိုက်နစ်နာမှု များပြားမည်ဖြစ်လို့ “ငါမှငါ” ဆိုတဲ့ အစွန်းရောက်ဆန္ဒများကို လျှော့ချကာ နိုင်ငံရေးနည်းလမ်းနဲ့ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့ စားပွဲဝိုင်းတွင် ပူးပေါင်းအဖြေရှာကြရန် ဒေါက်တာအေးမောင်က တိုက်တွန်းထားပါတယ်။

Related posts

ရမ်းဗြဲက စက်လှေပိုင်ရှင်အပါ ပြည်သူ ၁၃ ဦးကို ကျောက်ဖြူတွင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲ

Rakhita Times

ကျောက်ဖြူတိုက်ပွဲကို စကစ က ရေကြောင်းနဲ့ လေကြောင်းကနေ ပစ်ကူပေးနေ

Rakhita Times

AA ကို ကျေးဇူးတင်ကြောင်း CDF-Kanpetlet ဆို

Rakhita Times

Leave a Comment