NewsPolitic

ထိုင်းရောက် မြန်မာတွေအတွက် CI စခန်းများ ဒီကနေ့တွင် ပြန်ဖွင့်၊ ရက္ခိုင်တွေအတွက် ရရှိရန် ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြပြီး တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်နဲ့ ဥပဒေပါ အကျိုးခံစားခွင့်တွေ ရရှိစေဖို့အတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ စတဲ့နေရာတွေမှာ Certificate of Identity (CI) ထုတ်ပေးရေးစခန်းတွေကို ဒီကနေ့ (အောက်တိုဘာလ ၁၄) ကစတင်ပြီး ပြန်လည် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

CI လျှောက်ထားလိုတဲ့ လုပ်သားတွေအနေနဲ့ 7-Eleven စတိုးဆိုင်တွေမှာ CI စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ် ၂,၆၆၀ ကို ပေးသွင်းပြီး မိမိလျှောက်ထားလိုတဲ့ စခန်းအမည်နဲ့ ရက်စွဲတွေကို ရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် လျှောက်ထားမယ့် လုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ မိမိတို့ရှိနေတဲ့ အခြေခံ လုပ်ခလစာ ၃ လစာစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ထားတဲ့ အထောက်အထားတွေကို CI လျှောက်ထားချိန်မှာ တွဲတင်ပြရမှာ ဖြစ်ပါတယ်။

“ဘဏ်တွေ မလည်ပတ်နိုင်တဲ့ နေရာတွေက မိသားစုတွေ ဥပမာ ပိတ်ဆို့ခံထားရတဲ့ ရက္ခိုင်လူမျိုးတွေအတွက် ဘယ်လိုအဖြေရှာကြမှာလဲ” ထိုင်းရောက် ရက္ခိုင်သားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

7-Eleven ဆိုင်တွေမှာ ငွေပေးသွင်းပြီးတာနဲ့ ဆိုင်က ထုတ်ပေးတဲ့ ပြေစာနဲ့အတူ မိမိရွေးချယ်ထားတဲ့ စခန်းမှာ သတ်မှတ်ရက်စွဲအတိုင်း ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်မှတစ်ဆင့်ဖြစ်စေ သွားရောက်လျှောက်ထားနိုင်ပါတယ်။

လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ ရှိလာခဲ့မယ်ဆိုရင် လုပ်သားသံအရာရှိရုံးတွေကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

Related posts

စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရခိုင်တိုင်းရင်းသားများပါတီက လျှောက်ထား

Rakhita Times

မောင်တောမှာ မြေမြှုပ်မိုင်း ၁၀၀ ကျော် AA ရှင်းလင်း

Rakhita Times

စစ်တွေလေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ၊ လက်မှတ်တစောင် ၇ သိန်းခွဲဖြစ်

Rakhita Times

Leave a Comment