EducationNewsPolitic

ကရင်နီစစ်ဘေးရှောင် ကလေး ၅၀၀ ရဲ့ ပညာရေးအိပ်မက်အတွက် “Keep Their Dreams Alive” ဂီတပွဲ ကျင်းပမယ်

အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)

ကရင်နီဒေသအတွင်း ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုဒဏ်ကို ကာလရှည်ကြာ ခံစားနေရတဲ့ စစ်ဘေးရှောင် ကလေးငယ် ၅၀၀ ဦးရဲ့ ပညာရေးအိပ်မက်တွေ ဆက်လက်ရှင်သန်စေဖို့ ရည်ရွယ်ပြီး Spring Development Group (SDG) က ဦးဆောင်တဲ့ “Keep Their Dreams Alive” သီတင်းကျွတ် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပွဲမှာ နာမည်ကြီး အနုပညာရှင်တွေ ဖြစ်တဲ့ Abnormal နဲ့ Oo Pan၊ Novem Htoo တို့ ပါဝင်တဲ့ Extant အဖွဲ့က အဓိက ဖျော်ဖြေမှာဖြစ်ပြီး အထူးဧည့်သည်အဖြစ် Aung Myint Myat ပါဝင်တဲ့ The Circle အဖွဲ့ကလည်း လာရောက် အားဖြည့် ပေးသွားမယ်လို့ သိရပါတယ်။

ဒီ Campaign ရဲ့ ရည်မှန်းချက်ကတော့ ကလေး တစ်ဦးကို တစ်လ ကျပ် ၂၀,၀၀၀ နှုန်းနဲ့ ကျောင်းသား ၅၀၀ အတွက် စုစုပေါင်း ကျပ် သိန်း ၅၀၀ (၅၀,၀၀၀,၀၀၀ ကျပ်) ရန်ပုံငွေကို စက်တင်ဘာလ ၁၇ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ကာလအတွင်း ရှာဖွေသွားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို အောက်တိုဘာလ ၂၃ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီ မှာ Zoom ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပြီး လက်မှတ်တစ်စောင်ကို ထိုင်းဘတ် ၃၀၀ နဲ့ ဝယ်ယူနိုင်ပါတယ်။ အစောဆုံး ဝယ်ယူသူ ၅၀၀ အတွက် Spring Institute of FinTech (SIF) က ပညာဒါန Scholarship Coupon တစ်စောင်စီကို အထူးလက်ဆောင်အဖြစ် ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

လက်မှတ်ရောင်းရငွေတွေကို ပွဲစီစဉ်စရိတ်အပြင် ကလေးငယ်တွေရဲ့ ပညာရေးရန်ပုံငွေအတွက်ပါ တိုက်ရိုက် လှူဒါန်းသွားမှာဖြစ်လို့ ကမ္ဘာတစ်ဝှမ်းက မိဘပြည်သူတွေအနေနဲ့ ဂီတခံစားရင်း ကလေးတွေရဲ့ အနာဂတ်ပညာရေးကို တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီနိုင်ဖို့ SDG က ဖိတ်ခေါ်ထားပါတယ်။

Related posts

AA က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ရွေးတုအစိုးရကို တုန့်ပြန်မယ်

Rakhita Times

ကျောက်ဖြူ တိုက်ပွဲမှာ ALP ပါဝင်ခြင်းမရှိလို့ ငြင်းဆို

Rakhita Times

စစ်တွေ စစ်မျက်နှာတွင် AA တပ်ရင်းမှူး ဗိုလ်မှူး တဦး ကျဆုံး

Rakhita Times

Leave a Comment