NewsPolitic

စစ်လော်ဘီချန်နယ်တွေက ရက္ခိုင်ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ ဗီဒီယိုတွေကို ရက်စွဲအမျိုးမျိုးတပ် တင်နေ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော် (AA) ကို ဒရုန်းနဲ့ တိုက်ခိုက်နေတယ်ဆိုတဲ့ ဗီဒီယိုတွေကို စစ်ကောင်စီဘက်လိုက် လော်ဘီချန်နယ်တချို့က ရက်စွဲအမျိုးမျိုးတပ်ပြီး ဆက်တိုက်ဖော်ပြနေတာကို တွေ့ရတယ်လို့ DVB Fact Check ရဲ့ စိစစ်ချက်အရ သိရပါတယ်။

DVB Fact Check က “မှိုင်းဝေ” နဲ့ “Ko Thet” တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်တွေကို စစ်ဆေးရာမှာ အောက်တိုဘာလ ၇ ရက်၊ ၁၄ ရက်၊ ၁၆ ရက်နဲ့ ၂၉ ရက် စတဲ့ ရက်စွဲအမျိုးမျိုးတပ်ပြီး တင်ထားတဲ့ ဒရုန်းဗီဒီယိုတွေမှာ တည်နေရာ၊ ပုံစံနဲ့ ပစ်ခတ်မှုအနေအထားတွေ တူညီနေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဗီဒီယိုတွေကို ထောင့်စုံကနေ ကွဲပြားအောင် ပြန်လည်ရိုက်ကူးထားတာလို့ DVB Fact Check ရဲ့ စိစစ်ချက်က ဆိုထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် မင်းချောင်းတံတားအနီးနဲ့ ငပြီကျွန်းဒေသတွေမှာ AA တပ်ဖွဲ့ဝင်တွေကို ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီး တူညီတဲ့ ဗီဒီယိုဖိုင်တွေကို ရက်စွဲအသစ်တွေ အကြိမ်ကြိမ်လဲလှယ်ပြီး တင်ထားတယ်လို့လည်း ဆိုပါတယ်။

ဗီဒီယိုတွေရဲ့ မူရင်းရိုက်ကူးခဲ့တဲ့ အချိန်နဲ့ နေရာအမှန်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

Related posts

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

ငပလီမြို့ ဂျိတ္တောကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်

Rakhita Times

ရက္ခိုင်မှာ စပါးတစ်တောင်း ၉ ကီလိုဂရမ် (သို့) နို့ဆီဘူး ၅၅ ဘူးထက်မပိုအောင် ULA/AA စံသတ်မှတ်

Rakhita Times

Leave a Comment