NewsPolitic

ဘူးသီးတောင်က ရွာ ၉ ရွာရှိ အိမ်ထောင်စု ၃၇၅ စုကို စိုက်ပျိုးရေးမျိုးစေ့တွေ ခရိုင်ပါတီကော်မတီ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၂ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းက ရွာ ၉ ရွာရှိ အိမ်ထောင်စု ၃၇၅ စုအတွက် ဆောင်းသီးနှံနဲ့ နွေစပါးမျိုးစေ့တွေအပြင် လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို ခရိုင်ပါတီကော်မတီက အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး ဆက်တိုက် ကူညီ ထောက်ပံ့လျက် ရှိတယ်လို့ သိရပါတယ်။

အောင်လံပြင်၊ ရွှေအိုးပြင်၊ သပြေတော၊ အင်းဖောက်၊ ရွာသစ်ပြင်၊ ဗျာလချေ၊ လောင်းချောင်း၊ ဆင်အိုးပြင်နဲ့ ငကျိုင်တောက် ကျေးရွာတွေက ရက္ခိုင်၊ သက္ကမနဲ့ မူဆလင် အိမ်ထောင်စု ၃၇၅ စုအတွက် တစ်ရွာကို မြေဧက ၅၀ နှုန်း၊ စုစုပေါင်း မြေဧက ၄၅၀ စာ မုန်ညင်း၊ အာလူး၊ ဗိုလ်စားပဲ၊ ကျောက်စိမ်းငရုတ်မျိုးစေ့တွေနဲ့ နွေစပါးမျိုးစေ့တွေကို ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။

မောင်တောခရိုင်ပါတီကော်မတီဝင်တစ်ဦးက ဒေသခံတောင်သူတွေ ငွေကြေးအခက်အခဲကြောင့် မြေလွတ်နေရာတွေမှာ စိုက်ပျိုးဖို့ ခက်ခဲနေချိန်မှာ ရေခံမြေခံကောင်းတဲ့ ကျေးရွာ ၉ ရွာကို ပထမအဆင့်အဖြစ် ရွေးချယ်ပြီး စိုက်ပျိုးရေးနည်းပညာ၊ ရေအရင်းအမြစ်နဲ့ စက်ယန္တရားတွေကိုပါ ကွင်းဆင်းပံ့ပိုးပေးတာလို့ APM ကို ပြောပါတယ်။

မြေဧက ၄၅၀ အနက် ၁၅၀ ကျော်ကို ထွန်ယက်ပြီးစီးပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ဖို့ ရေချိုချောင်းတွေ ဆည်ဖို့ခြင်းကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန၊ စက်မှုလယ်ယာဌာနတို့နဲ့ ပူးပေါင်းပြီး ခရိုင်ပါတီကော်မတီက ကြီးကြပ်ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ခရိုင်ပါတီကော်မတီနဲ့ သက်ဆိုင်ရာဌာနတွေက ဘူးသီးတောင်မြို့နယ်အတွင်းက အခြားကျေးရွာတွေဆီလည်း စိုက်ပျိုးမြေဧကတွေ ထပ်မံတိုးချဲ့ပြီး မျိုးစေ့နဲ့ စက်ယန္တရားအကူအညီတွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

Related posts

ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ကျောက်တော်ကို ဗုံးကြဲ(Breaking News)

Rakhita Times

စစ်တွေမှာ စကမ က အခြေခံစားကုန်တွေ ရောင်းပေးနေ

Rakhita Times

စကမရဲ့ ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း အာရက္ခဒေသခံ ၂၃ ဦးသေဆုံးပြီး ၄၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ထုတ်ပြန်

Rakhita Times

Leave a Comment