အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဒီကနေ့မှာ စတင် ကျင်းပနေပါတယ်။
အစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုခဲ့ဘူးလို့ သိရပါတယ်။
ဖိလစ်ပိုင်အစိုးရက မြန်မာစစ်ကောင်စီခေါင်းဆောင်တွေဟာ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ချမှတ်ထားတဲ့ တားမြစ်ချက်အတိုင်း ဒီထိပ်သီးအစည်းအဝေးမှာ ဆက်လက် တားမြစ်ခံထားရမယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံကိုယ်စား “ညွှန်ချုပ် ဦးဟန်ဝင်းအောင်” တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
