အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်တွင် ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ICJ ရဲ့ စီရင်ချက်နဲ့ ပတ်သက်ပြီး AA ရဲ့ သဘောထားကို အာရက္ခတိုင်းမ်စ်က မေးမြန်းရာတွင် ဦးခိုင်သုခက အခုလို တုံ့ပြန် ဖြေကြားခဲ့ပါတယ်။
“လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေနှင့် ပတ်သက်လို့ အခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ အမှန်တရားနှင့် တရားမျှတမှုအပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီးတော့ အာရက္ခဒေသ အကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီလောက်ပဲ ဖြေပေးချင်ပါတယ်” လို့ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံး သတ်ဖြတ်မှု တားဆီးကာကွယ်ရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုတွင် ICJ က အဆိုပါ စီရင်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း နိုဝင်ဘာလ ၂၀ ရက်တွင် ICJ စီရင်ချက်ကို အကောင်အထည်ဖော်ရာတွင် ULA/AA နဲ့ ချိတ်ဆက် ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
