NewsPolitic

အမ်းမြို့ကို စကမ ဗုံးကြဲ၊ ကလေးငယ်တဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် အမ်းမြို့ကို စစ်ကော်မရှင်က အောက်တိုဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံး နှစ်လုံးကြဲချခဲ့လို့ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့ ကလေးက အသက် ၉ နှစ်ပဲ ရှိသေးတယ်။ ၃ တန်း ကျောင်းတက်နေတာ။ ချင်းတိုင်းရင်းသား” လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ကြဲချခဲ့လို့ ဒဏ်ရာရရှိသွားသူကတော့ ဦးသန်းမောင်ရဲ့သားဖြစ်သူ အသက် ၉ နှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံး နှစ်လုံးအနက် တလုံးက မြို့ဟောင်းရပ်ကွက်က ဦးသန်းမောင်နေအိမ်ကို ကျရောက်ပေါက်ကွဲပြီး နောက်တလုံး ကျရောက်တဲ့နေရာကို မသိရှိသေးပါဘူး။

ဗုံးစများ ခန္ဓာကိုယ်တွင် ထိမှန်သွားပြီး ဒဏ်ရာရရှိခဲ့တဲ့ ဆလိုင်းသိန်းဇော်သန်းကို လက်ရှိတွင် အရေးပေါ်ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

စစ်ကောင်စီရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သွားဝယ်တာဖြစ်နိုင်

Rakhita Times

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦး သေဆုံး

Rakhita Times

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

Rakhita Times

1,015 comments

Leave a Comment