NewsPolitic

ငပြီကျွန်းစစ်မျက်နှာမှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ခံစစ်ပြန်ဖြစ်နေ

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့၊ ရွှေမင်းဂံရေတပ်စခန်းကို အခြေပြုပြီး ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းဘက်ကို ကမ်းတက်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုအောက်မှာ ထိခိုက်မှုတွေရှိလာပြီး ခံစစ်အနေအထားကို ပြန်ရောက်သွားပြီလို့ သိရပါတယ်။

ငပြီကျွန်းအတွင်း စစ်တွေအခြေစိုက် တပ်ရင်းအချို့က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေကာ ဒရုန်းနည်းပညာတွေသုံးပြီး ခြေကုပ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ AA ရဲ့ စနိုက်ပါပစ်ခတ်မှုနဲ့ ချောင်းမြောင်း တိုက်ခိုက်မှုတွေကြောင့် ယခုရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဘက်က အင်အား ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဝီရဌာနီနဲ့ ပုဏ္ဏားကျွန်းစစ်မျက်နှာတွေမှာ စခန်းငယ်အချို့ ရရှိတယ်လို့ ဆိုပြီး ခြေလျင်တပ်ဖွဲ့ဝင်တွေအပြင် ဒရုန်းနဲ့ အမြောက်တပ်ဖွဲ့ဝင်တွေကိုပါ စစ်မြေပြင်ရာထူးတိုး (Field Promotion) ချီးမြှင့်ပွဲတွေ ပြုလုပ်နေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ဒါပေမဲ့ ပထမအကြိမ် ရာထူးတိုးပေးခံခဲ့ရတဲ့ တပ်ဖွဲ့ဝင်အများစုက တိုက်ပွဲတွေအတွင်း ကျဆုံးသွားကြပြီလို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းဘက်ခြမ်းက ကွမ်းတောင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး မင်းချောင်းတံတားနဲ့ အဆက်အသွယ်မပြတ်စေဖို့ ကြားခံစစ်နေရာငယ် ၃ ခုခန့် နေရာယူထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

AA က လက်ကျန်မြို့တွေကို ဆက်လက် သိမ်းပိုက်သွားမယ်လို့ နိုဝင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

Related posts

သာပေါင်းတိုက်ပွဲကြောင့် စစ်ဆေးခံနေရတဲ့ စကမ အရာရှိတွေဟာ တပ်ရင်းမှူးနဲ့ စစ်ဗျူဟာမှူး ဖြစ်နေ

Rakhita Times

ကျောက်တော်က တိုက်ပွဲရှောင်စခန်းတချို့ သောက်သုံးရေလိုအပ်နေ

Rakhita Times

နီပါဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပညာပေးများ လုပ်ဆောင်နေ

Rakhita Times

Leave a Comment