NewsPolitic

လေးမျက်နှာမြို့နယ်မှာ ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရက္ခိုင်စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေ့

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းက ကြီးပေါက်ကုန်းရွာမှာ ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ရက္ခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ကျေးရွာအနီးမှာ အဲဒီအမျိုးသမီးရဲ့ ရုပ်အလောင်းကို စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူက အသက် ၄၀ ကျော်အရွယ် ရက္ခိုင်စစ်ဘေးရှောင်အမျိုးသမီးဖြစ်ပြီး ဂွမြို့နယ်က တိမ်းရှောင်လာသူဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အမျိုးသမီးဟာ လတ်တလော ရက်အနည်းငယ်အတွင်းကပဲ သေဆုံးခဲ့တဲ့ အနေအထားမှာ ရှိတယ်လို့လည်း သိရပါတယ်။

“ကြီးပေါက်ကုန်းရွာ ပတ်ဝန်းကျင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက စစ်ကြောင်းထိုးသွားတာရှိတယ်။ အဲ စစ်ကြောင်းနဲ့များ လမ်းမှာ တွေ့တာလား၊ ဒါမှမဟုတ် အခြားတစ်ခုလားတော့ သေချာမပြောတတ်ဘူးဗျ” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လေးမျက်နှာမြို့နယ်ဟာ လက်ရှိမှာ အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Related posts

သံတွဲမြို့နယ် ငပလီကမ်းခြေနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ညီအစ်မ ၂ ဦးသေဆုံးလို့ AA ထုတ်ပြန်

Rakhita Times

ကပစ ၁၆ ကို စကမ အင်အားထပ်မံဖြည့်တင်း၊ ဗုံးကြဲမှုကြောင့် တောမီးလောင်နေ

Rakhita Times

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

Rakhita Times

Leave a Comment