ArticelsPolitic

ရက္ခိုင်တိသတိထားရမည့် ကရင့်သမိုင်းတော်လှန်ရီး__________________________________________

မြီပိုင်ဂေ အချုပ်အချာပိုင်ရေအကြောင်းကို နိုင်ငံရီးအကြောင်း စိတ်ဝင်စားဂတ်တေလူတိုင်းအလိုလို သိနိုင်ရေအကြောင်းအရာတစ်ခုရာ။ ၁၉၃၉ ကပင် ၁၉၄၅ အထိ ဖြစ်ပွားခရေ ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ဂျာမနီ ၊ ဂျပန် ရို့တိက အားသာချက် အကျိုးအမြတ်တိဟိခဂေလည်း အဆုံးသတ်နိုင်ပွဲမှာ စစ်နိုင်မဟာမိတ်တပ်ပေါင်းစုတိက အကျိုးအမြတ်ကို ပိုလို့ခံစားလိုက်ရဂတ်တေဆိုလို့ရဖို့။ မြီပိုင်ဆိုင်မှု ၊ စစ်လျော်ကြေး တိကို မဟာမိတ်တပ်ပေါင်းစုတိက ပိုလို့အကျိုးခံစားလိုက်ရဂတ်တေ။ (ဒေမဟာမိတ်တပ်ပေါင်းစုကိုကြည့်ခြင်းအားဖြင့် စစ်လည်းနိုင်ရေ ၊ မြီလည်းပိုင်ဆိုင်ပြီးဂေ ကြီးမားရေအကျိုးကိုလည်း ခံစားနီရစွာအဂုထိဗျာလ်)။

မြန်မာနိုင်ငံကြည့်ဖို့ဆိုဂေ အာဏာရှင်စကစ နန့် တရသ တော်လှန်ရီးတပ်တိစွာ မြန်မာနိုင်ငံလွတ်လပ်ရီးရပြီးလောက်ကပင် တိုက်ပွဲတိအကြီးအကျယ်ဖြစ်လာဂတ်တေ။ ဒေအထဲမှာ အင်အားကြီးရေ တော်လှန်ရီးတပ်တိက နယ်မြီတချို့တဝက်တိကိုပိုင်ဆိုင်ရပြီးဂေ အင်အားနည်းရေတော်လှန်ရီးတပ်တိအများစုစွာ အာဏာရှင်တိချေမှုန်းခြင်းကိုခံရပနာ လုံးပါး ပါးလို့ ပျောက်ခရရေ တော်လှန်ရီးတပ်တိအများကြီး ။ တချို့တော်လှန်ရီးတပ်တိက အင်အားမဟိခါ စကစက မတရားဖိနှိပ်ဆက်ဆံမှုတိကြောင့် နယ်စပ်တိလောက်မှာရာ BGF အဖြစ်နန့် အသွင်ကူးပြောင်းနိန်ရရေ။ စကစ ဆိုစွာလည်း သူရို့သမိုင်းမှာ အင်အားမဟိရေ တော်လှန်ရီးတပ်တိကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုရေ စိတ်ရိုင်းကို အဂုထိသုံးနှုန်းနိန်တုန်း။

ကရင့်သမိုင်းတော်လှန်ရီး —

ကရင့်တော်လှန်ရီးလို့ပြောလိုက်စွာနန့် ရန်ကုန်-အင်းစိန်အထိ အောင်ပွဲရခရေ ကရင့်တော်လှန်ရီးသမိုင်းကြောင်းကို ​ဗြီးမြင်ဂတ်ဖို့စွာဗျာလ်။ ယင်းအချိန် အာဏာရှင်စကစကို ရန်ကုန်အစိုးရလို့တောင် ကဲ့ရဲ့ပနာခေါ်ခဂတ်စွာ အဂုထိလူကြီးပိုင်းတိပါးစပ်မှာ စွဲနိန်ဂတ်သိရေ။ ဒေလောက်ထိ အာဏာရှင်ကို တိုက်ထုတ်နိုင်ခရေ ကရင့်တော်လှန်ရီးတပ်(KNDO)စွာ ဇာကြောင့် အစိတ်စိတ်အမွှာမွှာကွဲခရလေ – အဂုချိန်မှာ ကရင်ပြည်အထဲက မြို့တစ်မြို့ကိုတောင် မထိန်းထားနိုင်ရလေ…. စရေ…စရေ မိန်းခွန်းတိစွာ တရဇပ် မိန်းစရာတိဖြစ်လာရေ။

ကရင့်တော်လှန်ရီးသမိုင်းကိုကြည့်လိုက်တေအခါ – အစပိုင်းမှာဂေါင်းဆောင်ပိုင်းကောင်းမှု ၊ ယင်းဂေါင်းဆောင်ကြီးတိ၏ ဂေါင်းဆောင်မှုအောက်မှာ ကရင့်ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးနန့် အမျိုးသားရီးစိတ်ဓာတ်ပြင်းပြမှု ၊ ကရင်လူမျိုးအချင်းချငိး သစ္စာဟိမှုတိကြောင့်လို့ အကြမ်းဖျင်းပြောနိုင်ရေ။

နောက်ပိုင်းမှာ ဇာကြောင့် ကရင့်တော်လှန်ရီးဆုတ်လျော့လာရလေလို့လည်း မိန်းစရာတိဖြစ်လာဗျာလ်။ ကရင့်တော်လှန်ရီး ဆုတ်လျော့လာရခြင်း၏ အဓိက အကြောင်းအရင်းစွာ
၁။ ကရင့်ဂေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးမှု
၂။ တော်လှန်ရီးကြာလာမှုတိကြောင့် ကရင့်ပြည်သူ စားဝတ်နီရီး
အဆင်မပြေဖြစ်လာမှု ၊
၃။ ပြည်သူတိ တော်လှန်ရီးငြိုငြင်မှုကြောင့်
တော်လှန်ရီးဂေါင်းဆောင်ပိုင်းတိကြားမှာ ပြသနာဖြစ်လာမှု လို့
အဓိကပြောလို့ရနိုင်ရေ။

ဒေအကြောင်းအရာတိကြောင့် ကရင့်တော်လှန်ရီးစွာ တစ်စတစ်စနန့် ထိန်းမနိုင် သိမ်းမရ ဖြစ်လာပနာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခစွာ ဒေနိအထိဖြစ်တေ။ မြန်မာနိုင်ငံ တော်လှန်ရီးသမိုင်းတစ်လျှောက်မှာ ကရင်လူမျိုးလောက် တော်လှန်ရီးအောင်မြင်မှုရဟိခရေလူမျိုးကိုမတွိရသိ။ ယင်းပိုင် သမိုင်းမှာအောင်မြင်ခြင်းနန့်ထပ်တူ ဒေနိအထိအစိတ်စိတ်အမွှာမွှာဖြစ်နိန်ရေ ကရင့်ပြည်သူတိစွာ မစည်းလုံးနိုင်ဂတ်သိစွာကို ကျနော်ရို့ရက္ခိုင့်ပြည်သူတိ အနီနန့် သတိထားပနာ ဆင်ခြင်ဖို့အပ်ဗျာလ်။

လက်ဟိ ရက္ခိုင်လူမျိုးသတိရဖို့အချက်အလက်တိ —

၁၇၈၄ မှာ ရက္ခိုင့်ဘုရင့်အချုပ်အချာအာဏာကျဆုံးခရေလောက်ကပင် တော်လှန်ရီးလုပ်ခဂတ်ကေလည်း ဒေအဂုပိုင်အောင်မြင်မှုမျိုးတစ်ခါလည်းမတွိခရ။ ကျနော်ရို့မှာ အဖိီးမျိုးဆက်တိတော်လှန်ရီးလုပ်ခရေ – ယဂေလည်း ရန်သူ၏ နှိမ်နှင်းခြင်းကိုခံရပနာ ကျဆုံးလားခရရေ ။ ကျနော်ရို့အဖိုးမျိုးဆက် တော်လှန်ရီးလုပ်ခရေ – ရန်သူ၏သွီးခွဲမှုတိကြောင့် ကိုယ်ရို့အချင်းချင်းကြားမှာပြဿနာတက်ပနာ ပြိုကွဲလားခရရေ။ ကျနော်ရို့ အဖ မျိုးဆက် တော်လှန်ရီးလုပ်ခရေ – ထိုပါတီ ၊ ဒေပါတီ ပေါ်ပေါက်လာပနာ ဂေါင်းဆောင်ပိုင်းတိ သဖောထားချင်းမကိုက်ညီလို့ ပြိုပျက်လားခရရေ။ ဒေမျိုးဆက်တိလက်ထက်မှာ တော်လှန်ရီးဂေါင်းဆောင်တိပေါ်ထွန်းခဂေလည်း ကိုယ်ရို့ရက္ခိုင့်ပြည်သူတိက မညီညွတ်တေအခါ ရန်သူပါးမှာလိုင်လှီးခံလိုက်ရရေ အဖြစ်ဆိုးတိ ကန်တောင် မကန်။

အဂု ကျနော်ရို့မျိုးဆက်စွာ ကကောင်းဂုဏ်ယူဖို့ကောင်းရေမျိုးဆက် – အောင်ပွဲအလီလီရနိန်ရေမျိုးဆက် – မြန်မာနိုင်ငံတော်လှန်ရီးသမိုင်းမှာသာမက ရက္ခိုင့်တော်လှန်ရီးသမိုင်းမှာပါ အောင်မြင်ဆုံးတော်လှန်ရီးမျိုးဆက် – ဒေမျိုးဆက်လက်ထက်မှာ အချုပ်ချာပြည့်ဝရေ အာရက္ခနိုင်ငံတော်စွာ မပေါ်လာစရာအကြောင်းမဟိ။ ဂေါင်းဆောင်းကြီးတိ၏ အရည်အချင်းကိုပြောဖို့လား ။ ပြည်သူတိ၏ညီညွတ်မှုကိုပြောဖို့လား ။ ကြိုက်တေဂဏ္ဍကဖြဲလို့ကြည့် ။ ပြည်သူတိအနီနန့် ကိုယ်ရို့ အာရက္ခပြည်သူ့အစိုးရအပေါ်မှာ နားလည်မှုစကေချေလွဲနိန်စွာကလွဲဂေ ကျနော်ရို့တိမှာအရာရာအားလုံးအဆင်သင့်​ဖြစ်နိန်ဗျာလ်လို့ ပြောလို့ရရေ။

ယင်းကြောင့် ကျနော်ရို့ရက္ခိုင်တိအနီနန့် ကရင့်တော်လှန်ရီးသမိုင်းကိုနမူနာယူဗျာလ် နောက်ဖန်တီးလာဖို့ အာရက္ခသမိုင်းသစ်မှာ ဂေါင်းဆောင်ကြီးတိ၏ဦးဆောင်မှုအောက်မှာ ညညီညညွတ်နန့် ကြိုးစားပြီးဂေ ကိုယ်ရို့အစိုးရနန့်တပ်တော်ကိုလည်း ဝေဖန်တိုက်ခိုက်မှုဆိုစွာထက် အပြုသဖောဆောင်ရေထောက်ပြမှုတိနန့် လုပ်ဆောင်ဂတ်ဖို့အတွက်တိုက်တွန်းလိုက်ပါရေ။

နိုင်နိုင်ဇော် (၂၈.၅.၂၀၂၅) 

Related posts

စစ်ဘေးရှောင် အိမ်ထောင်စုတွေအတွက် စောင် နဲ့ အိုးခွက်ပန်းကန်များ လိုအပ်နေ

Rakhita Times

ဘဝရေးခက်၊ စစ်ရေးခက်တဲ့ကြားက ကြိုးစားနေတဲ့ လူငယ် (သို့မဟုတ်) မိုဘိုင်းအိမ်မက်နဲ့ လဖြူ

Rakhita Times

AA တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ ခုခံစစ် တန်ပြန်ထိုးစစ်အောက်မှာ စကမတပ်တွေ အကျအဆုံးများနေ

Rakhita Times

Leave a Comment