ArticelsPolitic

အာရက္ခတိုင်းပြည်ကာကွယ်ရီး နန့် ရက္ခိုင်လူမျိုးရို့ ၏ အနာဂါတ်

အာရက္ခတိုင်းမ်စ် (၂၅ မေ ၂၀၂၅)

ရက္ခိုင်လူမျိုးတိစွာ စစ်မှုထမ်းဥပဒေလို့ကြားလိုက်စွာ နန့် သူရို့တိစိတ်ထဲမှာ လုံးဝမဖြစ်သင့်ရေအရာလို့ ထင်ပနာ ကကြောက်လလန့်နန့် ကိုယ်ရို့ အာရက္ခပြည်သူ့အစိုးရ မကောင်းကြောင်း အပြစ်တိအမျိုးမျိုး ပြောဂတ်တေ။ သူရို့ တွေးဂတ်စွာကိုလည်း အမှားလို့တော့ခါ ပြောလို့မရ။ လက်ဟိ စကစလည်း တာဝန်ခံမှုမဟိရေ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပနာ လူငယ် – လူရွယ် ယောကျ်ား/မမာ့ အားလုံးကို သီတွင်းအထဲကို ပို့နိန်စွာကိုး။

ဒေအရာတိကို မြင်ရဖန်များလာဂတ်တေ ရက္ခိုင်တိစွာ စစ်မှုထမ်းဥပဒေနန့်ပက်သတ်ပနာ ကကြောက်လလန့်နန့် ဖြစ်နိန်ဂတ်စွာ ဆိုလို့ရဖို့။ အမှန်တဂေ တာဝန်ယူမှုဟိရေ စစ်မှုထမ်းဥပဒေဆိုစွာ မိမိရို့တိုင်းပြည်နန့်လူမျိုးကို ကာကွယ်စောင့်ယှောက်ဖို့အတွက် မဟိမဖြစ် ပြဌာန်းထားရေ ဥပဒေတစ်ခု ဖြစ်တေ။ စစ်မှုထမ်းဥပဒေဆိုစွာ လိုအပ်လာဂေ နိုင်ငံတိုင်းအလိုလိုမှာ ပြဌာန်းဂတ်စွာဗျာလ်။ ဒုတိယကမ္ဘာစစ်ခါကလည်း အင်္ဂလန်နိုင်ငံ၊ ဂျာမဏီနိုင်ငံ….စရေ…စရေ ဥရောပနိုင်ငံတိအပါအဝင် အာရှက ဂျပန်နိုင်ငံတိမှာတောင် မိမိရို့နိုင်ငံနန့် မိမိရို့တိုင်းပြည်ကို ကာကွယ်စောင့်ယှောက်ဖို့အတွက် လိုအပ်လာဂေ ခေါ်ယူဂတ်စွာဗျာလ်။

ပြည်သူတိ၏ ခက်ခဲမှု နန့် အာရက္ခပြည်သူ့အစိုးရဂဏ္ဍ

အဂုအချိန်စွာ တော်လှန်ရီးကာလဖြစ်တေအခါ ရက္ခိုင်တိစွာ ကျပ်တည်းဂတ်တေ ။ ရက္ခိုင်တိလို့မဟုတ် တော်လှန်ရီးနယ်မြီ ကျယ်ပြန့်လာရေ မြန်မာနိုင်ငံ ဇာနီရာမှာပင်မဆို ယင်းဒေသခံတိစွာကျပ်တည်းဂတ်စွာဗျာလ်။ ဒေအထဲမှာ ရက္ခိုင်တိတော့ခါ စကေဆိုးရေဆိုလို့ရဖို့။ နောက်တစ်ခုက အာဏာရှင်ကို မ​ကြိုက်လို့ပင်ဖြစ်ဖြစ် ၊ မိမိရို့ဒေသကို ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် တော်လှန်ရီးလုပ်လို့လုပ်ပင်ဖြစ်ဖြစ် တော်လှန်ရီးလုပ်တေ ဇာနိုင်ငံက ဇာနီရာမှာပင်မဆို ကျပ်တည်းဂတ်စွာဗျာလ်။

၁၉၇၄ မှာ ဘင်္ဂလားဒေ့ချ်နိုင်ငံစွာ ပါကစ္စတန်နိုင်ငံက ခွဲထွက်တေအခါ ဘင်္ဂလားဒေ့ချ်မှာ အစာရီစာ ရှားပါးလို့ ၊ ရောဂါဖီးအန္တရာယ်ကျလို့ ဘင်္ဂလားဒေ့ချ်လူမျိုး ၂သန်းကျော် သီလားခဂတ်တေ။ ကျနော်ရို့မှာတော့ခါ ဒေလောက်ထိ ပီးဆပ်လို့တော့ခါမရ။ ဒေချင့်ကို ကျနော်ရို့ ဂေါင်းဆောင်ကြီးတိစွာ အစကပင် ကြိုတင်လို့ သိထားပြီးတိရာ။ ကျနော်ရို့လူမျိုးစွာ ကျပ်တည်းကောင်း ကျပ်တည်းလိမ့်မေ။ ယဂေလည်း ကိုယ့်အားကို ကိုးပနာ ရှာကြံဂတ်တေ ဝမ်းရီးအတွက်တော့ခါ ဖြီယှင်းနိုင်ဂတ်ဖို့လို့ လုံးဝယုံကြည်ရေ။

အဂုက တော်လှန်ရီးကာလလည်းဖြိုက်တေအခါ အာရက္ခပြည်သူ့အစိုးရဖက်ကလည်း ပြည်သူတိကို ပပြည့်စစုံနန့် မလုပ်ဆောင်ပီးနိုင်သိ။ ပြည်သူတိကလည်း ကျပ်တည်းပါလတ်ကတ်တေအခါ အသံမျိုးစုံ ထွက်ပါလတ်ကတ်တေ။ ဟုတ်လည်းဟုတ်စွာကိုး….အိမ်တစ်အိမ်မှာ မိသားစုတာဝန်ကို ယူထားရဂတ်တေ သား/သမီးကို စစ်မှုထမ်းဖို့ ထည့်လိုက်ရဗျာလ်ဆိုဂေ ယင်းမိသာစုကို သတ်ပလိုက်စွာနန့်က မခြားဗျာလ်လေ။ ယဂေလည်း ကောင်းစွာတစ်ခုက ကိုယ်ရို့တပ်တော်ကို ဒေအခြီအနီတိအတွက် အသေအချာနန့် တင်ပြဂေ ကင်းလွတ်ခွင့်ပီးရေ။ ယင်းချင့်တိကိုလည်း ပြည်သူတိအနီနန့် သိထားသင့်ရေ။

ပြည်ပထွက်ခွာမှု နန့် ရက္ခိုင့်လူငယ်ဂဏ္ဍ

တပ်တော်က ပြည်ပထွက်ခွာမှုကို public ချပြပလိုက်တေအခါ ပြည်သူတိက ပိုလို့လန့်လားဂတ်တေ ပုံစံရရေ။ အမှန်တဂေတော့ခါ ULA ဖက်မှာ ဟန်ပြလုပ်ပနာ ကိုယ်ကျိုးအတွက် လုပ်နှက်နိန်ဂတ်တေလူတိကို ပြည်သူနန့်တပြေးညီ တပ်တော် နှိပ်ပလိုက်တေဆိုစွာကို သဖောပေါက်ပုံ မပေါ်ဂတ်။

မကြာခင်က ကြားလိုက်ကတ်ဖို့ – ပြည်ပထွက်ခွာဂတ်တေ လူငယ်တိကို ULA မှာ ဟန်ပြလုပ်ပနာ ပွဲစားအဖြစ်နန့် လုပ်နိန်ဂတ်တေ လူတိနန့်ဆိုဂေ လားလို့ရရေ။ ပြည်သူအထဲက ပွဲစားတိနန့်ဆိုဂေ လားလို့မရ ၊ ဖမ်းရေလို့ ကြားမိလိုက်ကတ်ဖို့။ ယင်းချင့်တိကို ဂေါင်းဆောင်ကြီးတိက စစ်သားနန့်ပြည်သူ ၊ အစိုးရနန့်ပြည်သူ တစ်သားတည်းဖြစ်အောင် ပြည်ပထွက်ခွာမှုဂဏ္ဍကို public ချပြလိုက်တေသဖော။

ယင်းနန့်လို့ ကျနော်ရို့၏ အဖီးရို့ မျိုးဆက်၊ အဖိုးရို့ မျိုးဆက်၊ အဘာရို့ မျိုးဆက် – မျိုးဆက် ၄ ဆက်လောက် တောင်းတလာရေ အာရက္ခပြည်သားတိ၏ အချုပ်အချာရဟိရီး၊ မိမိရို့ကံကြမ္မာကို မိမိရို့လက်နန့် ထုဆစ်ပုံဖော်နိုင်ခွင့်ရဟိရီး နန့် ကျနော်ရို့၏ သားစိုင် မြီးဆက် အဆက်ဆက်တိကို ကြီးမြတ်တေလွတ်လပ်ရီးအမွီကို ကျနော်ရို့မျိုးဆက်လက်ထက်မှာ ကျနော်ရို့လက်နန့် ပီးနိုင်ဂတ်ဖို့အတွက် မျက်စိတစ်မှိတ်စာမဟိရေ ၂ နှစ်ချေကာလအချိန်တစ်ခုကို အောင့်အဲပနာ တာဝန်ထမ်းဆောင်ယင်း ၊ ဒေမြီ ဒေရီထက်မှာ ရှင်သန်လာဂတ်တေ ငါရို့တိအနီနန့် ဒေမြီ၊ ဒေရီ အန္တရာယ်မကျရောက်အောင် ကာကွယ်စောင့်ယှောက်ဖို့အတွက် လေးနက်စွာတိုက်တွန်းယင်း အာရက္ခတိုင်းပြည် နန့် လူမျိုးကို ကာကွယ်စောင့်ယှောက်နိန်ဂတ်တေ အာရက္ခပြည်သားတိကို လိ့စားစွာဂါရဝပြုပါရေ။

နိုင်နိုင်ဇော်(၂၅.၅.၂၀၂၅)

Related posts

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းနဲ့ပတ်သက်ပြီး မနက်ဖြန် အမိန့်ချမယ်

Rakhita Times

နတ်ရေကန်ကို စစ်ကူပို့တဲ့ စကမ ယာဉ်တန်း AA ရဲ့ မိုင်းဆွဲခံရ၊ အရာရှိအပါအဝင် သေဆုံးသူများပြား

Rakhita Times

မရာတပ်ကို ဆက်ကူညီမယ်လို့ AA ပြော

Rakhita Times

7 comments

liveheadline.space ဇွန် 13, 2026 at 2:17 ညနေ

References:

Hitnspin erfahrungen liveheadline.space

Reply
https://bally-casino.online-spielhallen.de/ ဇွန် 15, 2026 at 6:24 ညနေ

References:

Slot machine games for android https://bally-casino.online-spielhallen.de/

Reply
Online Casino Bonus ohne Einzahlung 2026 ဇွန် 16, 2026 at 1:32 မနက်

References:

Oostende casino Online Casino Bonus ohne Einzahlung 2026

Reply
https://giaovienvietnam.vn ဇွန် 17, 2026 at 11:14 မနက်

References:

Vegas casino online https://giaovienvietnam.vn

Reply
body-positivity.org ဇွန် 17, 2026 at 12:39 ညနေ

References:

Smiles casino body-positivity.org

Reply
https://hackmd.okfn.de/s/rJnAvwQlGg ဇွန် 19, 2026 at 5:46 ညနေ

References:

Legiano Casino Treueprogramm https://hackmd.okfn.de/s/rJnAvwQlGg

Reply
chastity cage ဇွန် 19, 2026 at 6:24 ညနေ

buy with confidence and enjoy dependable security through a carefully crafted chastity cage designed for comfort, durability, and long-lasting performance. its smooth construction supports everyday wear while maintaining a secure fit, making it a practical choice for those seeking controlled and discreet personal restraint with reliable functionality.

Reply

Leave a Comment