Khant Zaw Htetမှ ရေးသားသည်
ပင်လယ်ရေ ချိုဟန်ဂျူ pdf ဖိုင် တခုကနေ တွေ့ရှိလို့ ကျွန်တော် အရမ်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပင်လယ်ရေ နဲ့ ဆားကြမ်းကို ကောင်းကျိုးကော ဆိုးကျိုးပါ တွေးမိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တောင်ယာ စပါးကြဲချိန်မှာ ပေါင်းသတ်ဆေး မသုံးပဲ ဆားကြမ်းပက်ပြီး ပေါင်းသတ်ခဲ့သလို အပင်လဲ စိမ်းစိုလာတတ်လို့ မြေသြဇာ အဖြစ်ကော ပေါင်းသတ်ဆေးအဖြစ်ပါ တွင်တွင် ကျယ်ကျယ် သုံးခဲ့ဖူးတာ မြင်ဖူး ကြားဖူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အတော် မျက်လုံးပြူးခဲ့ပေမယ့် သုံးတတ်ရင် ဆေးဖြစ်နေပါလားလို့ ချိုဟန်ဂျူစာတွေက ထောက်ပြနေပါပြီ။ နောက်တခုက မသုံးတတ်ရင်တော့ ဘေးဖြစ်ပါလိမ့်မယ်။ သူ့ကို အရမ်း အာနိသင်ကောင်းတယ် အကျိုးရှိတယ်ဆိုပြီး မဆင်မခြင် သုံးခဲ့ရင် ဆားပေါက်မြေမျိုးတွေမှာ အသုံးပြုခဲ့ရင်တော့ မြေကြီးမှာ ဆားပမာဏ နဂိုထက် များပြီး အယ်ကာလိုင်း မြေတွေ အဖြစ် ပျက်စီး လာပါလိမ့်မယ်။ ရှေ့ဆက်ပြီး ပင်လယ်ရေ အကြောင်း ဆက်ပြောချင်ပါတယ်။
ပင်လယ်ရေသည် ချဉ်ငံကိန်း (pH) ၈ ပျမ်းမျှ ရှိတတ်ပြီး နွေရာသီမှာ ဆားပါဝင်မှု မြင့်မားလေ့ ရှိပါတယ်။ ပင်လယ်ရေကို စနစ်တကျ အသုံးပြုမယ်ဆိုရင် စိုက်ပျိုးရေးအတွက် အသုံးတည့်သော ဆေးတခုဖြစ် စေပါတယ် ခင်ဗျာ။ ပင်လယ်ရေတွင် အခြေခံအားဖြင့် ဆိုဒီယမ်ကလိုရိုဒ် အပြင် အခြား အာဟာရပေါင်းများစွာ ပါရှိပါတယ်။ အားဆေးအဖြစ်၊ မှိုရောဂါ ကာကွယ်ဆေးအဖြစ် အသုံးတည့်သော အရာပါ။ ပင်လယ်ရေ ၁ ဆ နှင့် ရေ ၃၀ ဆ ရောပြီး အသုံးပြုနိုင်သလို အချဉ်ဖောက်ရာမှာလည်း ပင်လယ်ရေ ၁ ဆ နှင့် ရေ ၃၀ ဆ (သို့) ဆန်ဆေးရည် ၁ ဆ၊ ပင်လယ်ရေ ၁ ဆ နှင့် ရေ ၂၀၀ ဆ (သို့) သစ်သီး အချဉ်ဖောက်ရည် ၁ ဆ၊ ပင်လယ်ရေ ၁ ဆ၊ ရေ ၅၀၀ ဆ ရောစပ်ပြီး ပူပြင်းသော အချိန်တွင် နေ့ဝက်အေးသော ရာသီတွင် ၂-၃ ရက် ထားရှိ ရောစပ်နိုင်ပါတယ်။ ပင်လယ်ရေ ဖျော်ရည်၊ အသီးစိမ်ရည် ပင်လယ်ရေ အရောကို အသုံးပြုခဲ့မယ်ဆိုရင် အသီး အချို ရာခိုင်နှုန်းကို ပိုမိုကောင်းမွန်စေခြင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသော မျိုးစေ့တို့ အပင်ဖောက်ရာတွင် မျိုးစေ့ဆေးစိမ် ဟိုမုန်းအဖြစ် အသုံးပြုနိုင်ခြင်း အပြင် ကြက်မွေးမြူရေးခြံများတွင် နွေရာသီ ကြက်မွှေး ကျွတ်ခြင်းကို အကာအကွယ်ပေးနိုင် ပါတယ်။ အပေါ်မှာ ရေးထားသော အချိုးအစား အတိုင်း အသုံးပြုရန် လိုပါလိမ့်မယ်။ ငရုတ်၊ စပျစ် စသော အပင်တို့တွင် ကျရောက်တတ်သော ငှက်မျက်စေ့ရောဂါ (anthracnose) ကို ထိန်းသိမ်းပေးပြီး ပင်လယ်ရေ ၁ ဆ၊ ရေ (၂၀-၂၅-၃၀ ဆ) နှုန်း အသုံးပြုပါက အသီး မှည့်မြန်အောင် စွမ်းဆောင်ပေးနိုင် ပါတယ်။ ပင်လယ်ရေကို စုဆောင်းရာမှာ ပင်လယ်ရေကြည်ကို အဓိကထား အသုံးပြုရမှာပါ။ မြေငံတွေမှာ အသုံးမပြု သင့်ပါဘူး။ ချဉ်ငံကိန်း ၄-၆.၅ အကြားရှိတဲ့ စိုက်ခင်းများမှာ ပို အသုံးဝင်ပါလိမ့်မယ်။
မြေအနေအထားအလိုက် အသုံးပြုသင့်ပုံက မြေနီသဲဝန်းခေါ်တဲ့ အနီရောင်မြေအုပ်စုတွင် ၆ လမှ တစ်နှစ်ကြား တစ်ကြိမ်သာ အသုံးပြုသင့်ပြီး တစ်ကြိမ်ထက် ပိုမိုပါက အဆိပ်သင့်ကာ နုန်းမြေမှ အာဟာရအချို့ကို အပင်မှ မစားနိုင်အောင် ထိန်းချုပ် တတ်ပါတယ်။ ရွံ့ဆန်သော မြေများတွင် ရေစိမ့်ဝင်မှုကောင်းမယ် ရေသွားရေလာကောင်းပါက ၃ လ တကြိမ်နှုန်း နှင့် သဲမြေများတွင် ၂ ပတ်မှ ၁ လအတွင်း တစ်ကြိမ်စီ အသုံးပြုနိုင် ပါတယ်။ အားဆေးအဖြစ် မနက်စောစောနှင့် ညနေပိုင်းမှသာ အသုံးပြုပါ။ အထူး သတိပြုရန်မှာ အိမ်သုံးဆားကို ဖျော်ထားသော ဖျော်ရည်တွင် ဆိုဒီယမ်ကလိုရိုဒ် တမျိုးသာ အများဆုံး ပါရှိတတ်ပြီး ပင်လယ်ရေတွင် ဆိုဒီယမ်ကလိုရိုဒ် သာမက သံဓာတ်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်အပြင် အခြားသော အနည်းလို အာဟာရများ ပါရှိသောကြောင့် အိမ်သုံးဆားကို အသုံးမပြုနိုင်ပါ။ ပင်လယ်ရေ သို့မဟုတ် အိမ်သုံးဆားကို ရှာလကာရည်ဖြင့် ရောစပ်ပြီး ပေါင်းကြမ်းဆေး သို့မဟုတ် ပေါင်းသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသေးတယ်။ ရှာလကာရည်ချည်း သက်သက် ဖျန်းလျှင် ပေါင်းသတ်ဆေး အဖြစ် အသုံးတည့်သော်လည်း ရက်အတန်ကြာမှ ထိရောက်မှု ရှိသလို ရှာလကာရည် ပမာဏ တိုးဖျန်းမှ ထိရောက်စေပါတယ်။ ရှာလကာရည် တဂါလံကို အိမ်သုံးဆား တခွက် ၂၅၀ ဂရမ် သို့မဟုတ် ပင်လယ်ရေ ၅၀ဝ စီစီ (ရေသန့် ၅ ဘူး) ကို ရောစပ် မွှေထားရန် လိုအပ်ပါတယ်။ ဆပ်ပြာမှုန့် ၁၀ ဂရမ် ထပ်မံ ထည့်မွှေပေးပါ။ ထိုဖျော်ရည် ၁ ဆ၊ရေ ၁၀ဆ ဖြင့် နေပူတွင် ဖျန်းပေးပါက ပေါင်းများကို သေစေပါတယ် ခင်ဗျာ။ ဆား သို့မဟုတ် ပင်လယ်ရေကို အသုံးပြုရာတွင် လိုအပ်သော အချိန်မှာသာ အသုံးပြုသင့်ပါတယ်။ မလိုအပ်ပဲ အကြိမ်ကြိမ် အသုံးပြုပါက မြေများ ပျက်စီးတတ်သည်ကို သတိမလွတ် ဂရုပြုရန် လိုအပ်ပါတယ်။ ကျွန်တော့ အနေဖြင့် မိမိပတ်ဝန်းကျင်ရှိ အသုံးတည့်နိုင်သော အရာများကို အသုံးပြုပြီး စိုက်ပျိုးရေး စနစ်တွင် စရိတ် အကုန်အကျ နည်းပါးရန် နည်းပညာ ဗဟုသုတအဖြစ် ရရှိရန် ရည်ရွယ်တင်ပြခြင်း ဖြစ်ပါတယ်။ အသုံးတည့်ခြင်း မတည့်ခြင်းကို မိမိကိုယ်တိုင် စမ်းသပ်ဆောင်ရွက်မှု သာလျှင် အဓိက ကျပါတယ်။
“ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

3 comments
шумоизоляция авто https://vikar-auto.ru
Discover the thrill of real-money live casino action at top casino software, where you can enjoy live dealers, top software providers, and exclusive promotions.
Maxispin-au.com also emphasizes responsible usage and fair play across its services.
Sprawdz poradnik analog vs digital fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Trafny wybor kamery przeklada sie na lepsze doznania podczas pilotowania i lepsze ujecia.