အို……………. ဒီဇင်ဘာ
ဒီဇင်ဘာလ၏ အအေးဓာတ်က ပိုပို၍လာခဲ့သည်။ နွယ်ချိုဖိုးခေါင် တောင်တန်းကြီး၏ မြင့်မားမတ်စောက်သော လျှိုမြောင်၊ ကမ်းပါးများ၌ သဇင်၊ သစ်ခွမျိုးစုံတို့ ပွင့်လန်းကြပြီ။ မြစ်မကြီးလေးစင်း၊ မြစ်ငယ်၊ ချောင်းငယ်များ၊ တောတန်း၊ တောင်တန်းများ၊ လယ်ကွင်း၊ ယာတောများ၊ ပင်လယ်လှိုင်းသံများနှင့် အာရက္ခတိုင်းပြည်ကို ဖွဲ့စည်းခဲ့သည်။ အထိုအရာများ၏ ဦးခိုက်ရာ မြောက်ဦးရွှေနန်းတော်ကြီးသည် တောင်ကုန်း၊...