သွေးညှီနံ့မကင်းတဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်း
ရီရီလှိုင် (ကစ္ဆပမြီ) ဒီနေ့ အာရက္ခပြည်ရဲ့ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခင်းအကျင်းကို လေ့လာကြည့်မယ်ဆိုရင် အာရက္ခပြည်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေး မဟာဗျူဟာမြောက်ဒေသတစ်ခု ဖြစ်လာနေတာကို မြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အာရက္ခပြည်အကြောင်းကို ပြောမယ်ဆိုရင် ယခင်ကာလတွေတုန်းက အနောက်ဖက် ကမ်းရိုးတန်းဒေသ၊ သမိုင်းဂုဏ်မြင့်မားတဲ့ ရက္ခိုင်ဘုရင့်နိုင်ငံတော် တည်ရှိခဲ့ရာနေရာ၊ ရိုးသားတဲ့...
