Category : News

NewsPolitic

စကမရဲ့ လက်နက်ကြီးကြောင့် စေတနာ့ဝန်ထမ်း မိသားစုဝင်များ သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ရွာဖြစ်စဉ်တွင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေး အသင်းဝင်တဦးရဲ့ မိသားစုများ ထိခိုက်သေဆုံးခဲ့တယ်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဝမျှောင်ရွာကို စစ်ကော်မရှင်ရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ အသင်းဝင် မခင်ဆန်းမိုးရဲ့ မိခင်၊ တူမ နဲ့ အမဖြစ်သူတဦးတို့ သေဆုံးခဲ့ပြီး ကျန် အမတဦး နဲ့ ခဲအိုတော်စပ်သူတို့လည်း အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ “ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အပြစ်မရှိတဲ့ အသင်းသူ မခင်ဆန်းမိုးရဲ့ မိသားစု ၃ ယောက် သေဆုံးပြီး မိသားစု ၂ ယောက် ဒဏ်ရာရခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်”  လို့လည်း အသင်းက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ အသက် ၅ နှစ်အရွယ် မခင်ထက်ထက်စိုး၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆန်းဝေ နဲ့ အသက် ၆၀ အရွယ် ဒေါ်မဝေချမ်းတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်ဆန်းလွင် နဲ့ အသက် ၄၄ နှစ်အရွယ် ဦးအောင်လင်းစိုးတို့ပဲ ဖြစ်ပါတယ်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ပဲ ရက္ခိုင်ပြည်အတွင်းရှိ အပြစ်မဲ့ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့ပြ၊ စာသင်ကျောင်း၊ ဆေးရုံ၊ အလှူပွဲ၊ ပရဟိတသမား အစရှိတာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကိုလည်း စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေးအသင်း အနေနဲ့ ပြင်းထန်စွာ ကဲ့ရဲ့ရှုတ်ချ‌ပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။...
NewsPolitic

အာဏာသိမ်းကာလအတွင်း နေအိမ်မီးရှို့ခံရမှု ရက္ခိုင်က စတုတ္ထနေရာရှိနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ကာလအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဟာ ရက္ခိုင်ပြည်က စတုတ္ထနေရာမှာ ရှိနေတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ ရက္ခိုင်ပြည်က နေအိမ်မီးရှို့ဖျက်ဆီးခံရမှု စတုတ္ထအများဆုံးဖြစ်ပြီး နေအိမ် ၆၁၂၆ လုံး မီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအထိ စာရင်းအရ စုစုပေါင်း နေအိမ် ၁၁၉,၄၁၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းနဲ့ပြည်နယ်က အရပ်သားပြည်သူနေအိမ် ၁၁၅၅၆၈ လုံး ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းက နေအိမ် ၇၇၇၃၁ လုံး နဲ့ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ ပထမ အများဆုံး၊ မကွေးတိုင်းဒေသကြီးက ၁၆၈၉၈ လုံးနဲ့ ဒုတိယအများဆုံးနဲ့ မန္တလေးတိုင်းဒေသကြီးက ၉၃၄၁ လုံးနဲ့ တတိယပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒါအပြင် လက်ရှိ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ တလခွဲတာ ကာလအတွင်း ရက္ခိုင်ကို စစ်ကော်မရှင်က လေကြောင်းအသုံးပြုတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ စစ်ကော်မရှင်ဟာ ရက္ခိုင်ကို အသေခံဒရုန်းတွေနဲ့ ပါရာမော်တာ အပါအဝင် ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး လသားအရွယ်ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၃၃ ဦး သေဆုံးပြီး ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အပါအဝင် အဆောက်အဦး ၁၅ ခုထက်မနည်း မီးလောင်ပျက်စီးခဲ့ပါ​တယ်။ စစ်ကော်မရှင်တပ်တွေဟာ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်တာ၊ ကျေးရွာအတွင်း အခြေချ တပ်စွဲပြီး နေအိမ်များကို မီးရှို့တာကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။...
BusinessNewsPolitic

ရက္ခိုင်ကို ဘိလပ်မြေ တင်သွင်းသူ ၁၉ ဦး ကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ကို ဘိလပ်မြေ တင်သွင်းသူ မွတ်ဆလင် ၁၉ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ရက္ခိုင်ပြည်ကို စက်လှေနှစ်စီးနဲ့ တင်ပို့မယ့် ဘိလပ်မြေ အိတ် ၁၀၀၀ ကျော် ပါဝင်ပြီး ဂျင်း၊ ကုလားပဲ၊ ကြက်သွန်ဖြူနဲ့ အချိုရည်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်က ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြားရှိ စိန့်မာတင်မီးပြတိုက်ကနေ ၃၈ မိုင်ခန့်အကွာတွင် စက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ခေါ်ယူစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ သိမ်းဆည်းရမိပစ္စည်းများနဲ့ ထိန်းသိမ်းခံထားရသူများကို ဥပဒေအရ ဆက်လက်အရေးယူရန်အတွက် ရေတပ်ရဲ့ ရှေ့တန်းအခြေစိုက်စခန်း St. Martin ကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း သိရပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ရက္ခိုင်ပြည်ကို ဘိလပ်မြေများ တင်သွင်းလာတဲ့ မွတ်ဆလင်ကုန်သည် ၁၁ ဦး ကိုလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။...
HealthNewsPolitic

မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရ တတိယအကြိမ်လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနေ မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရကို တတိယအကြိမ်အဖြစ် အရွယ်စုံ Arakanese Ladies က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ အရွယ်စုံ Arakanese Ladies က နို့မှုန့်လှူဒါန်းမှုကို တတိယအကြိမ်မြောက်အတွက် သိန်း (၂၀၀) ကျပ်ဖိုးကို ကျောက်ဖြူမြို့နယ်မှာ လှူဒါန်းခဲ့ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။ အရွယ်စုံ Arakanese Ladies အနေနဲ့ နို့မှုန်အာဟာရများကို မွေးကင်းစကနေ ၆ လသားအရွယ်အထိ အဓိကထားပြီး ထောက်ပံ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ “ ၂၀၂၆ မှာလည်း အသင်းဝင် အဟောင်းနဲ့အသစ်တို့ ပါဝင် လှူဒါန်းပေးဖို့ ဖိတ်ခေါ်ပါတယ်”  လို့ အရွယ်စုံ Arakanese Ladies က ဆိုပါတယ်။ အလားတူ အရွယ်စုံ Arakanese Ladies အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွက် သိန်း ၁၅၀ မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေ သိန်း တထောင်ကျော်လည်း လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စောင်၊ မျက်နှာသုတ်ပုဝါ၊ အင်္ကျီ၊ ပုဆိုး နဲ့ ထမိန်တို့ကိုလည်း အလျင်းသင့်သလို့ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။...
NewsPolitic

ရက္ခိုင်ပြည်အနှံ့ ချင်းအမျိုးသားနေ့ ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေများတွင် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ သံတွဲ၊ တောင်ကုတ်မှာလည်း လုပ်တယ်။ အဲဒီနေ့ကဆိုရင် လေယာဉ်တွေ တောက်လျောက်ဝဲနေတာ၊ ကြောက်ကြောက်နဲ့ပဲ လုပ်ကြတာပေါ့။ ဒီလို အခမ်းအနားနဲ့က မလုပ်တာကြာပြီလေ။ အခုတော့ ပြန်လုပ်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေကြတယ်”  လို့ သံတွဲမြို့နယ်က ချင်းအမျိုးသားတဦးက ပြောပါတယ်။ ကျင်းပခဲ့တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက တာဝန်ရှိသူများ၊ ဒေသအုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးဆိုင်ရာနဲ့ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ ရက္ခိုင်ပြည် လေးမြို့ဒေသတွင်လည်း ပြည်သူ တထောင်ကျော်နဲ့ စည်ကားစွာ ကျင်းပြပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အခမ်းအနားတွင် ချင်းအမျိုးသားအလံကို အလေးပြုချီတက်ခြင်း၊ ချင်းရိုးရာဝတ်စုံများနဲ့ အကအလှဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာဂီတ တီးခတ်ခြင်းများနဲ့ ယဉ်ကျေးမှုပြပွဲများလည်း ထည့်သွင်းကျင်းပခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ရွာသားများနဲ့ ဧည့်သည်များကို ထမင်းဟင်းများနဲ့ တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်က ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာတွင် “ ချင်းနဲ့ ရက္ခိုင် သမိုင်းသစ်ရေးထိုးမယ်”  လို့ ထည့်သွင်း ဖော်ပြထားပါတယ်။...
NewsPolitic

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ရေး၊ သံတမန်ရေး ကျွမ်းကျင်တဲ့အတွက် အားလုံးနဲ့ ရင်းနှီးသင့်မြတ်တဲ့ ဆက်ဆံရေး မရှိမှာကို စိတ်ပူစရာ မလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၁၉...
NewsPolitic

■ ထရမ့်ဂယက်နဲ့ ကမ္ဘာ့အစီအစဉ်သစ်

Rakhita Times
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သူ့ရဲ့ ပထမသက်တမ်းတုန်းက ဂရင်းလန်းကျွန်းကို ဝယ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောလိုက်တော့ တကမ္ဘာလုံးဟာ မယုံနိုင်သလို ဖြစ်သွားကြတယ်။ ဒါကြီးက ပေါက်ပေါက်ရှာရှာ၊ မဖြစ်နိုင်တဲ့ ကိစ္စ၊ အိမ်ခြံမြေ အရောင်းအဝယ် အရေခြုံထားတဲ့ နယ်ချဲ့အိပ်မက်တခု စသဖြင့် မြင်ခဲ့ကြတာကိုး။ ဒါပေမဲ့ ဂရင်းလန်းဟာ တကယ်လည်း အရေးပါနေတာ...
HealthNewsPolitic

မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ Arakan Union (Japan) လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့အလှူငွေကို Arakan Union (Japan) အသင်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ယန်း သောင်း-၁၅၀ နဲ့ ညီမျှတဲ့ (မြန်မာငွေ- ၃၈၄၆၀၀၀၀ ကျပ်) တိတိကို အာရက္ခပြည်သူ့ကျမ်းမာရေးဌာနကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ အသင်းရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။ “ မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး လှူဒါန်းထားတာကျတော့ ညိီမတို့က ဒီဂျပန်မှာရှိတဲ့ ရက္ခိုင်အစည်းအရုံး ဂျပန်ပေါ့နော်။ Arakan Union (Japan) အသင်းရဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ အရေးပေါ်လိုအပ််လို့  လှူဖို့လိုအပ်ပြီဆို ဘယ်နေရာမဆို လှူပေးရတော့မှာပေါ့နော်။ လှူပေးဖို့ အမြဲတမ်းရှိတယ်။ နောက်ပြီးတော့ ရက္ခိုင်တပြည်လုံး အတိုင်းအတာနဲ့ ယှဥ်မယ်ဆိုရင် အဓိက ပိုပြီး အရေးတကြီး လိုအပ်တဲ့နေရာကို အရင်ဆုံးသွားပြီး လှူပေးတဲ့ သဘောမှာရှိတယ်ပေါ့နော်။ ရက္ခိုင်ပြည်ရဲ့ ဘယ်ဒေသမှာမဆို စစ်ဘေးဒဏ် သဘာဝဘေးဒဏ် အဲ့လိုမျိုး ခံရတဲ့ နေရာဒေသတွေက လူတွေအကုန်လုံးကိုအဆင်ပြေ ချောင်ချိတဲ့အတွက် တတ်နိုင်သမျှကို ပံ့ပိုးပေးနေတာပါ။ နောက်ပိုင်း လိုအပ်လာရင် လိုအပ်သလို ကူညီဖို့ အဆင်သင့်ရှိပါတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရက္ခိုင်အစည်းအရုံး (ဂျပန်) ဟာ ရက္ခိုင်ပြည်တွင်းမှာရှိတဲ့ ရက္ခိုင်ပြည်သူလူထုအပြင် အမျိုးမျိုးသော အကြောင်းများနဲ့ ခိုလှုနေကြတဲ့ တခြားတိုင်းရင်းသားတွေ အပါအဝင် ဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ ဖွဲစည်းထားတဲ့ အသင်းဖြစ်တာကြောင့် ရက္ခိုင်ပြည်တွင်းမှာ ကြုံသမျှ ဘေးဒုက္ခ မှန်သမျှကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ မြောက်ဦးအပြင် ပြီးခဲ့တဲ့လအတွင်းမှာလည်း  ကျောက်ဖြူမြို့ရှိ စစ်ဘေးရှောင်တွေအတွက် သိန်း ၃၀၀ နီးပါး ကူညီလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။...
NewsPolitic

စစ်အာဏာရှင်ကို တိုက်နေတဲ့အဖွဲ့အချင်းချင်း ပဋိပက္ခမဖြစ်ဖို့လို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၀ ဖေဖော်ဝါရီ ၂၀၂၆) ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေ စစ်အုပ်စုထံ လက်နက်ချအလင်းသွားပြီးနောက် စစ်အာဏာရှင်ကိုတိုက်နေတဲ့ အဖွဲ့အချင်းချင်း ပဋိပက္ခ မဖြစ်ဖို့လိုတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ တော်လှန်ရေးတစ်ရပ်မှာ အခုလိုမျိုး အလင်းဝင်၊ လက်နက်ချတဲ့ ကိစ္စရပ်တွေဟာ ဖြစ်နေကြ၊ ရှိနေကြ...
NewsPolitic

ကပစ ၁၆ ကို စကမ အင်အားထပ်မံဖြည့်တင်း၊ ဗုံးကြဲမှုကြောင့် တောမီးလောင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာကို စစ်ကော်မှရှင်က တပ်သားအင်အား ၄၀၀ ကျော် ဖြည့်တင်းနေပြီး ဗုံးကြဲမှုကြောင့် တောတောင်များတွင် တောမီးများလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။ “ ကားတန်းက တော်တော်ရှည်တယ်။ ၁၅ စီး အစီး ၂၀ လောက်ရှိတယ်။ ခန့်မှန်း တစီးမှာ လူ ၂၀ ပဲ ပါအုန်းလေ၊ အနည်းဆုံး ၃၀၀ နဲ့ ၄၀၀ ကြားပဲ”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်’မ်စ်ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။ “ အခုက လက်နက်ကြီးနဲ့ တောက်လျောက်ကို ပစ်နေတာ၊ အဓိက ပစ်နေတဲ့နေရာကတော့ ပွိုင့် ၂၈၈ ကပေါ့။ အဲဒီစခန်း တောင်ကုန်းပေါ်ကနေ ပစ်နေတာ။ အဲဒီစခန်းက ကပစ ၁၆ နဲ့ အနီးဆုံးပဲ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ အဆိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သစ်ပင်ကြီးငယ်များအပါအဝင် တောမီးလောင်ကျွမ်းနေတယ်လို့လည်း သိရပါတယ်။ ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ...