NewsPolitic

ကပစ ၁၆ ကို စကမ အင်အားထပ်မံဖြည့်တင်း၊ ဗုံးကြဲမှုကြောင့် တောမီးလောင်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲနေရာကို စစ်ကော်မှရှင်က တပ်သားအင်အား ၄၀၀ ကျော် ဖြည့်တင်းနေပြီး ဗုံးကြဲမှုကြောင့် တောတောင်များတွင် တောမီးများလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။

“ကားတန်းက တော်တော်ရှည်တယ်။ ၁၅ စီး အစီး ၂၀ လောက်ရှိတယ်။ ခန့်မှန်း တစီးမှာ လူ ၂၀ ပဲ ပါအုန်းလေ၊ အနည်းဆုံး ၃၀၀ နဲ့ ၄၀၀ ကြားပဲ” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်’မ်စ်ကို ပြောပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

“အခုက လက်နက်ကြီးနဲ့ တောက်လျောက်ကို ပစ်နေတာ၊ အဓိက ပစ်နေတဲ့နေရာကတော့ ပွိုင့် ၂၈၈ ကပေါ့။ အဲဒီစခန်း တောင်ကုန်းပေါ်ကနေ ပစ်နေတာ။ အဲဒီစခန်းက ကပစ ၁၆ နဲ့ အနီးဆုံးပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

အဆိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သစ်ပင်ကြီးငယ်များအပါအဝင် တောမီးလောင်ကျွမ်းနေတယ်လို့လည်း သိရပါတယ်။

ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ 

Related posts

စကမ အဖွဲ့ဝင် ၂၆ ဦး အရှင်ဖမ်းမိကြောင်း CDF – Asho ပြော

Rakhita Times

ရက္ခိုင်ရေဘေးဒဏ် ပြည်သူ ၁ သိန်းခန့် ကြုံတွေ့နေရ၊ မြောက်ဦးနဲ့ မင်းပြား အဆိုးဆုံး ရင်ဆိုင်နေရ

Rakhita Times

စကမက စစ်သုံ့ပန်းများ နေရာကို ဗုံးကြဲ သေဆုံးသူများပြား

Rakhita Times

117 comments

Leave a Comment