စပါးရိတ်စက်တွေကို စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းနေ
အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၅) စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက စပါးရိတ်သိမ်းခြွေလှေ့စက်တွေကို လိုင်စင်မေးပြီး ပိုက်ဆံတောင်းတာတွေ လုပ်နေတယ်လို့ တောင်သူများနဲ့ ကားသမားတွေထံကနေ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တစ်ခုနဲ့တစ်ခုကို သယ်ဆောင်ရာမှာပဲ ဖြစ်ဖြစ်၊ ဧရာဝတီကနေ ရန်ကုန်၊ ရန်ကုန်ကနေ ဧရာဝတီ ဒါမှမဟုတ် ဧရာဝတီကနေ ပဲခူး၊ ရန်ကုန်ကနေ...
