BusinessEnvironmentNewsPolitic

ကျောက်ဖြူစီမံကိန်းကို AA နဲ့ မဆွေးနွေးရင် လည်ပတ်နိုင်မည်မဟုတ်လို့ AOW ဆို

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီလ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို AA နဲ့ ဆွေးနွေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ မရှိပါက အဆင်ပြေလွယ်ကူစွာ လည်ပတ်နိုင်မှာမဟုတ်ဘူးလို့ Arakan Oil Watch က ဆိုပါတယ်။

“ AA အနေနဲ့ ကျောက်ဖြူမြို့နယ်ကို အပြည့်အဝ သိမ်းပိုက်သည်ဖြစ်စေ မသိမ်းပိုက်သည်ဖြစ်စေ တရုတ်စီမံကိန်းများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို AA နဲ့ ဆွေးနွေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ မရှိဘဲ အဆင်ပြေချောမွေ့စွာ သို့မဟုတ် လုံခြုံစိတ်ချစွာ လည်ပတ်နိုင်မှာမဟုတ်ဘူး” လို့ Arakan Oils Watch (AWO) က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စီမံကိန်းများအပါအဝင် ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို အပြည့်အဝသိမ်းပိုက်နိုင်ရင် လက်ရှိ နဲ့ အနာဂတ်စီမံကိန်းများအတွက် သဘောတူစာချုပ်များ ဘဏ္ဌာငွေအစုရှယ်ယာသဘောတူညီမှုများနဲ့ အခွန်အခကိစ္စတွေကို ပြန်လည်ဆွေးနွေးရမယ့် အခြေအနေတစ်ရပ်ကို ရောက်ရှိသွာမှာလည်း ဖြစ်တယ်လို့ AOW က ဆိုပါတယ်။

“ စစ်အာဏာရှင်ရဲ့ တဖြည်းဖြည်း ယိုယွင်းလာနေမှုနဲ့အတူ တရုတ်အပါအဝင် တောင်ကိုရီးယားနဲ့ အိန္ဒိယကဲ့သို့ အခြား ရင်းနှီးမြှုပ်နှံသူနိုင်ငံများဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ အားလုံးပါဝင်မှုကို လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်လှုပ်ရှားမှုအဖွဲ့များနဲ့ပါ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုပုံစံသစ်များကို စဉ်းစားသင့်ပြီ” လို့လည်း Arakan Oil Watch က ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ သတိပြုရမှာက စစ်ကောင်စီကို ဘက်လိုက်ခြင်း ပိုမိုပြုလုပ်လာခြင်းနဲ့ ရက္ခိုင်ပြည်သူများနဲ့ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများကို တိုက်ခိုက်နေတဲ့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်းနဲ့ စစ်လက်နက်ဝယ်ယူနိုင်ရန် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ပေးနေခြင်းဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့များ တင်ပို့နေခြင်းကို ရပ်တန့်သွားစေနိုင်ပြီး ရက္ခိုင်ပြည်တွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုများကိုပါ ထိခိုက်သွားနိုင်တယ်လို့လည်း AOW က သတိပေးထားပါတယ်။

Arakan Oil Watch (ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့) ကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအတွက် ရက္ခိုင်ပြည်နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းများကို စောင့်ကြည့်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အလားတူ AOW ဟာ Burma Environment Working Group (BEWG) နဲ့ OilWatch South East Asia (OilWatch SEA) တို့ရဲ့ အဖွဲ့ဝင် အဖွဲ့လည်းဖြစ်ပြီး ရက္ခိုင်ပြည်နဲ့ မြန်မာနိုင်ငံတွင် တည်တံ့သောငြိမ်းချမ်းရေးနဲ့ တရားမျှတမှုများအတွက် အနာဂတ်ဖက်ဒရယ်သဘာဝရင်းမြစ် စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Related posts

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့နိုင်ငံရေးလည်ပြန် (၂)

Rakhita Times

ရဲကို ဒီလပ် လို့ AA ပြောင်းသုံး

Rakhita Times

TNLA စစ်ရေးရှုံးနိမ့်မှု အခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှု မလုပ်နိုင်တာကြောင့်လို့ ပြော

Rakhita Times

3 comments

MartinDus မေ 2, 2026 at 6:45 ညနေ

БК Бетсити официальный сайт

Reply
PabloSes မေ 3, 2026 at 4:21 မနက် Reply
JosephRak မေ 3, 2026 at 6:39 ညနေ Reply

Leave a Comment