Month : ဩဂုတ် 2025

NewsPolitic

မအီ ရဲစခန်း နဲ့ ဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ(Breaking News)

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည် မအီမြို့က ရဲစခန်း နဲ့ ဆေးရုံကို ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ ကနဦး သိရပါတယ်။ “ ရဲစခန်းနဲ့ ဆေးရုံတဲ့၊ လူတွေ ဘာဖြစ် ဆိုတာတော့ သေချာမသိသေးဘူး”...
NewsPolitic

စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ ပျံလွန်တော်မူ

Rakhita Times
အာရက္ခတိုင်းမ်စ် (၄ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့ မြို့မပရိယတ္တိစာသင်တိုက် နဲ့ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒန္တစရဏ သက်တော် ၇၉ နှစ် သိက္ခာတော် ၅၉ ဝါ ဟာ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် မြို့မပရိယတ္တိစာသင်တိုက်တွင် ၉၆ ပါး...
NewsPolitic

စစ်ကောင်စီရဲ့ နေဗီကနေ ငပလီကို လက်နက်ကြီးနဲ့ပစ်ခတ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၅) စစ်ကောင်စီရဲ့ နေဗီကနေ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို မနေ့က (၂ သြဂုတ်) ညနေ ၃ နာရီခွဲခန့်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မနေ့က ၂ လုံး ကျပေါက်ကွဲသံ ကြားရတယ်။...
NewsPolitic

စစ်ကောင်စီရဲ့ ပြည်သူအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို သေချာစောင့်ကြည့်ပြီး တုန့်ပြန်သွားမယ်လို့ ဦးခိုင်သုခ ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၅) စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ြည့်နေပြီး လိုအပ်ရင် လိုအပ်သလို တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ “ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို...
Articels

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

Rakhita Times
အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ (၂) __ ___ __ နိုင်ငံရေး အကျဉ်းသား ကိုကျော်ဟန် __ __ __ __ ဖမ်းဆီးခံရခြင်း ( မှ အဆက်- ၁) **** (ဌေးဝင်း) သူတို့မှာ ဂျစ်ကား တစ်စီးပါတယ်။...
HealthNewsPolitic

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂ သြဂုတ် ၂၀၂၅)

Rakhita Times
အားလုံးပဲ သာလီစွပါ။ အာရက္ခတိုင်းမ်စ် သတင်းဌာနရဲ့ သတင်းပေါ့စ်ကပ်စ်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ သက်ငယ်မုဒိန်းကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးဖို့ ရ.က.သ တောင်းဆိုဆိုတဲ့သတင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အာရက္ခတပ်တော် က သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်ဆိုတဲ့သတင်း ရက္ခိုင်ကလွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာဆိုတဲ့သတင်း ပေါက်တောမှာဘုန်းတော်ကြီးတပါး သက်ငယ်မုဒိန်းမှုကျူးလွန်တဲ့သတင်းနဲ့ ကန်စွန်းဥကနေ ဘယ်လိုကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ သတင်းအကြောင်းအရာတွေကို...
NewsPolitic

မုဒိန်းမှု တရားခံကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပေးရန် အရွယ်စုံ Arakanese Ladies တောင်းဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ သြဂုတ် ၂၀၂၅) မုဒိန်းမှု ကျူးလွန်တဲ့ တရားခံတွေကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပေးရန် အရွယ်စုံ Arakanese Ladies က အာာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို တောင်းလိုက်ပါတယ်။ အရွယ်စုံ Arakanese Ladies အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးကို အချက် ၄ ချက် တောင်းဆိုလိုက်ပြီး...
NewsPolitic

မုဒိန်းမှု ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်ပေးရန် ဗိုလ်ချုပ်ကတော် တောင်းဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည်အတွင်းက မြို့နယ်များတွင် ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှု ကျူးလွန်သူများကို အမြန်ဆုံး တရားစီရင်ပေးရန် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူက တောင်းဆိုလိုက်ပါတယ်။ ဒေါ်နှင်းဇာဖြူက ဇူလိုင်လ ၃၁ ရက်နေ့တွင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားတောင်းဆိုထားတာဖြစ်ပြီး သက်ငယ်မုဒိမ်းမှုအရေးယူရေး၊...
NewsPolitic

သက်ငယ်မုဒိန်းကျူးလွန်သူကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး တောင်းဆို

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုတွင် ကျူးလွန်သူကို အာရက္ခတပ်တော် အနေနဲ့ အကြီးမားဆုံး ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး အမျိုးသမီးရေးရာကော်မတီက...
NewsPolitic

ရက္ခိုင်က လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက ဇူလိုင်ကုန်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အခြေအနေ ကြေညာခြင်း ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အမှတ်ဆိုပြီ ပါပါတယ်။ စစ်ကောင်စီက အရေးပေါ်အခြေအနေ...