NewsPolitic

စစ်ကောင်စီရဲ့ နေဗီကနေ ငပလီကို လက်နက်ကြီးနဲ့ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၅)

စစ်ကောင်စီရဲ့ နေဗီကနေ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို မနေ့က (၂ သြဂုတ်) ညနေ ၃ နာရီခွဲခန့်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ၂ လုံး ကျပေါက်ကွဲသံ ကြားရတယ်။ သံတွဲမြို့ပေါ်ကကို ကြားရတာ။ နေဗီကနေ လှမ်းပစ်တာ” လို့ သံတွဲမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ နေဗီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက် အမှတ် ၄ က ဦးအောင်ထွန်း နေအိမ် နဲ့ ဦးစိန်အောင်ကြည် နေအိမ်နောက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်စခန်းဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း (Central Naval Diving and Salvage Deport Myanmar Navy) CNDSD မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် က စက်တင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းတို့ကို နေ့စဉ်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

Rakhita Times

ငလျင် ဆက်တိုက် ပြန်လှုပ်လာ

Rakhita Times

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

Rakhita Times

9 comments

Leave a Comment