NewsPolitic

စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ

စစ်ကောင်စီက ကျောက်တော်မြို့ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ

Breaking News

အာရက္ခတိုင်းမ်းစ် (၁၀-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ဒီကနေ့ (ေအာက်တိုဘာ ၁၀ရက်နေ့) ညနေ ၄ နာရီခန့်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ခန့် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရှိရပါတယ်။

ကျောက်တော်မြို့ပေါ်က အထက ၂ စာသင်ကျောင်းအနားနဲ့ ကျောက်တော်မြို့မစျေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု့ ပြုလုပ်ခဲ့တာဖြစ်ပြီး နေအိမ်တစ်ချို့ပျက်စီးပြီး ပြည်သူတစ်ချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

“ အခုက အခြေအနေက ဘယ်လိုမှန်းမသိတော့ သွားမကြည့်ရဲသေးဘူး။ သိရသလောက်တော့ ဒဏ်ရာရတဲ့လူနဲ့ သေတဲ့လူ အကုန်လုံးပေါင်းရင် တစ်ဆယ်ကျော်လောက်ရှိတယ်လို့ ကြားတယ်” လို့ အမည်မဖော်လိုတဲ့ ကျောက်တော်မြို့မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

အာရက္ခတိုင်းမ်းစ်ရဲ့ စစ်တမ်းတွေအရ အောက်တိုဘာလ တစ်ရက်နေ့ကစပြီး အခု (အောက်တိုဘာလ ၁၀ ရက်နေ့) အထိ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့တဲ့ အရပ်သား စစ်ဘေးရှောင် ၂၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူ စုစုပေါင်း ၂၈ ဦး ထက် မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Related posts

စစ်ကော်မရှင်က ရက္ခိုင်မှာ စစ်ရေးစီမံချက် ရှိဦးမယ့်ပုံ မပေါ်သေး

Rakhita Times

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

Rakhita Times

ချင်းပြည်တစ်ခွင် စစ်ကောင်စီကင်းစင်ပြီး ပြည်ထောင်စုတဝှမ်း စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပါစေကြောင်း ချင်းညီနောင် ထုတ်ပြန်

Rakhita Times

5 comments

Leave a Comment